14. သူတောင်းစား သက်သက်

284 49 0
                                    


အခန်း ၁၄- သူတောင်းစား သက်သက်

နှစ်ယောက်သား တစ်ယောက်ကရှေ့ တစ်ယောက်က နောက်ကနေ လျောက်သွားကြတယ်။ လင်းမိုဟန်၏သတိပေးချက်ကြောင့် သူ့နောက်လိုက်နေသော်လည်း သုံးလှမ်းအကွာအဝေးကို ထိန်းထားနိုင်ခဲ့သည်။ ပြီးတော့ ဦးလေးဟာ အမျိုးသမီးတွေနဲ့ နီးနီးကပ်ကပ်နေလေ့မရှိတာ ပဲဖြစ်မယ်။မဟုတ်ရင် သူ့ကို မတော်တဆနမ်းမိပြီးနောက် မူးမေ့လဲကျသွားမှာမဟုတ်ဘူးဆိုတာလည်း သူမသိပါတယ်။

သူမလည်း အဲဒီ့အတွက် သက်တောင့်သက်သာမရှိပေမယ့် တစ်ဖက်က ဦးလေးဖြစ်သူက အသက်ကြီးနေပြီမို့
(မိုဟန်အတွက် မျက်ရည်တစ်စက်😂)
နှစ်ဖက်စလုံးအတွက် အဆင်မပြေ မဖြစ်အောင် ရှောင်ဖို့ သူမအနေနဲ့ ဒီအဖြစ်အပျက်ကို ထပ်မပြောရင် ပိုကောင်းပါတယ်။

ဒါပေမယ့် တစ်စုံတစ်ခုက သူမရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးထားတယ်။ သူ့နောက်က လိုက်လာပြီးအတွင်းပိုင်းအထိ နက်ရှိုင်းလာလေလေ လမ်းတလျှောက်မှာ မှော်ဆေးအပင်‌ေတွ့ရှိမှု့များလာ‌ေလပဲ။တစ်ချို့ကိုသူမရွေးယူနိုင်ခဲ့တယ်။ ထိုမှော်ဆေးပင်များသည် ဝိညာဉ်အငွေ့အသက်များဖြင့် ရောနှောပြီး ၎င်းတို့သည် ပို၍အသုံးများသော မှော်ဆေးပင်များဖြစ်သော်ငြားလည်း သူမ၏ စိတ်သည် တဖြည်းဖြည်း ပျော်ရွှင်ပေါ့ပါးလာ‌ေစရန် လုံလောက်ပါသည်။

[အယ်? အဲဒါ အနီရောင်မှိုနတို 🍀ပန်းလား? အဲဒါတွေက ပြင်ပဒဏ်ရာတွေကို ကုသဖို့ အကောင်းဆုံးပဲ။]

ပေါင်းပင်များကြားတွင် ပေါက်နေသော မှော်ဆန်သော ဆေးအပင် အစုအဝေးကို တွေ့လိုက်ရသဖြင့် ဝမ်းသာအားရ ပြေးသွားပြီး ဂရုတစိုက် ကောက်ယူလိုက်သည်။ အနီရောင်မှိုနတိုပန်းခင်း🍀 သည် သပ်ရပ်ကာ အစုလိုက်တန်ဖိုးရှိမည့် မှော်ဆေးပင်ဖြစ်ပြီး ၎င်းတို့ကို နက်ရှိုင်းသော‌ေတာအတွင်းပိုင်း၌သာ တွေ့နိုင်သည်။ တောအပြင်ဘက်မှာ တစ်ခါမှမပေါ်ခဲ့ဖူး‌ေချ။

ဤမှော်ဆေးပင်များသည် နှစ်ဆယ်တစ်ရာစုတွင် သူမသိခဲ့သော အဖိုးတန်ဆေးဖက်ဝင်အပင်နှင့် တူညီသည်။ ဆေးပင်များ၏ အမည် သို့မဟုတ် သရုပ်ဖော်ပုံသည် အတိအကျ တူညီသည်။ တစ်ခုတည်းသော ခြားနားချက်မှာ ဤကမ္ဘာရှိလူများသည် ဆန်းကြယ်သော စွမ်းအားများနှင့် ဝိဥာဉ်အားများကို မွေးမြူကြပြီး ၎င်းတို့၏ ဆေးရွက်များသည် အဓိကအားဖြင့် မှော်ဆန်သော ဝိဥာဉ်အားများဖြင့် ရောနှောကာ အာနိသင်ကို တိုးမြှင့်ခြင်းနှင့် ချဲ့ထွင်ထား‌ေသာကြောင့် ဖြစ်သည်။

စွဲမက်ဖွယ်ကောင်းသော သရဲဆရာ၀န်Where stories live. Discover now