24.ဝံပုလွေ အုပ်စုနှင့်ရင်ဆိုင်ခြင်း

248 39 1
                                    

အခန်း 24-၀ံပု‌ေလွ အုပ်စုနှင့်ရင်ဆိုင်ခြင်း။

အဲဒီမှာ လူတစ်ယောက် လဲနေပါလား?

ပိုမှန်အောင်ပြောရလျှင် မူးလဲခြင်းလား သေဆုံးခြင်းလားမသိ။သူ့ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံး စမ်းချောင်းထဲတွင် ကျနေပြီး မှောက်လျက်လဲလျောင်းနေသဖြင့် သူ့မျက်နှာကို မမြင်နိုင်ပေ။ သူ့ခန္ဓာကိုယ်ပေါ်မှာ အညိုရောင်အဝတ်အစားတွေနဲ့ သူ့မိသားစုက အတော်လေးချမ်းသာလိမ့်မယ်။

သူ့ဝမ်းဗိုက်တစ်ဝိုက်က အဝတ်အစားတွေက နီရဲနေပြီး ဦးခေါင်းကလည်း သွေးတွေထွက်နေတယ်။ချောင်းရေထဲမှာ မှောက်လျက် လဲလျောင်းနေပေမယ့် သူ လဲကျနေတဲ့ နေရာက ကံကောင်းလိုက်တာ ကြီးမားတဲ့ ကျောက်တုံး အနည်းငယ် ရှိနေတယ်။ ကျောက်တုံးကရေမျက်နှာပြင်ထက် မြင့်တာကြောင့် မျက်နှာကို ရေ‌အောက်တွင် မြုပ်‌ေနခြင်းမှ ကာကွယ်နိုင်တာကြောင့် မသေလျှင် ရေနစ်မှာ‌ေတာ့မဟုတ်ပေ။

သူ့ခန္ဓာကိုယ်က စမ်းချောင်းထဲမှာ လဲလျောင်းနေတာကြောင့် သူ့ဦးခေါင်းနဲ့ ဝမ်းဗိုက်ကထွက်တဲ့ သွေးတွေဟာ ရေစီးကြောင်းအတိုင်း စီးဆင်းပြီး အောက်ကို မြောသွာတယ်။

သူမ လမ်းလျှောက်လာရင်း ထိုယောက်ျားကိုအပေါ်ကို လှန်လိုက်ကာ သူ၏နှာခေါင်းအောက်တွင် အသက်ရှူသည့် လက္ခဏာရှိမရှိ စစ်ဆေးရန် သူမ၏လက်ကို ဆန့်ထုတ်ကာ
စစ်ဆေးလိုက်တယ်။ သူအသက်ရှူနေသေးသည်ကို တွေ့ရှိပြီး ထိုလူကို စမ်းချောင်းဘေးရှိ မြက်ခင်းပြင်ပေါ်သို့ ဆွဲတင်လိုက်သည်။

သူ့ဒဏ်ရာတွေကို စစ်ဆေးကြည့်ကာ သိုလှောင်အိတ်ထဲက ပုလင်းသေးသေးလေးကို ထုတ်ယူပြီး သူ့ခေါင်းပေါ်က သွေးခဲနေတဲ့ ဒဏ်ရာတချို့ပေါ် ဖြူးပြီး သူ့ဝမ်းဗိုက်ဒဏ်ရာကို ဆေးလိမ်းဖို့ အဝတ်အစားတွေကို ‌ေြဖလိုက်တယ်။
သိုလှောင်အိတ် ထဲမှအဝတ်အစားများကိုလဲထုတ်ပေးလိုက်တယ်။

"မင်းငါ့ကိုတွေ့ခွင့်ရတာ တကယ်ကို ကံကောင်းမှု့ဖြစ်ရမယ်။"

သတိလစ်နေသောလူကို ကြည့်ကာ သူမ ပေါ့‌ေပါ့ပါးပါး ရယ်မောရင်း "ဘယ်တုန်းက ကံအရမ်းကောင်းလာတာလဲ" လို့ သူ့ကိုယ်သူ ညည်းညူရင်း မျက်ခုံးပင့်ကာ အံ့ြသသွားသလို ခံစားလိုက်ရတယ်။

စွဲမက်ဖွယ်ကောင်းသော သရဲဆရာ၀န်Where stories live. Discover now