83- မက်မွန်ပန်းခင်းတောင်တန်း

161 24 2
                                    


အခန်း ၈၃- မက်မွန်ပန်းခင်းတောင်တန်း

ထိုစကားကိုကြားပြီးနောက် ဖုန်ချင်းရွဲ့ သည် နောက်ဆုံးတွင် စိတ်သက်သာရာရသွားကာ သူမ တောက်ပစွာပြုံးလိုက်သည်"ငါတို့ ဒီကိုရောက်နေပြီဆိုတော့ မင်း အဲဒါတွေအားလုံးကို ခဏမေ့ထားသင့်တယ်။ ဒီမှာမက်မွန်ပွင့်တွေရဲ့ လှပတဲ့ ရှုခင်းတွေ ရှိပြီး အဲဒါက မင်းကို အပန်းဖြေ အနားယူနိုင်စေရမယ်"

"အမ်း" မုရုန်ရီရွှန်းက သဘောတူပြီး တောင်ပေါ်ရှိ လမ်းငယ်တစ်ခုတွင် ဖုန်ချင်းရွဲ့နှင့် လျှောက်လှမ်းခဲ့သည်။

ထိုသုံးရက်သည် ဖုန်ကျီအတွက် မက်မွန်ပွင့်ဘုရားကျောင်းကို ပြန်လည်ဖွဲ့စည်းရန် လုံလောက်ပါသည်။

ပထမဦးစွာ သူမ မက်မွန်ပွင့်ဘုန်ကြီးကျောင်း ကို မက်မွန်ပန်းခင်းတောင်တန်း အဖြစ်သို့ ပြောင်းလဲခဲ့ပြီး မက်မွန်ပန်းခင်း‌ေတာင်‌ေကြာ၏ အပြင်ဘက်စက်ဝိုင်းကို အတွင်းပိုင်းနှင့် ပိုင်းခြားကာ မက်မွန်ပန်းစောင်းတစ်ဝိုက်တွင် အကာကွယ်စည်းတားရန်အတွက် သူမ၏ အသိပညာရှိ အရာအားလုံးကို အသုံးပြုခဲ့သည်။ ဤနည်းအားဖြင့် မက်မွန်ပန်းတောင်တန်းအတွင်းပိုင်းကို လူအများ မှားယွင်း၀င်လာမိ၍ သူမ၏ ငြိမ်းချမ်းရေးကို အနှောက်အယှက်ဖြစ်စေမည်ကို သူမအနေဖြင့် စိုးရိမ်နေစရာမလိုပေ။

မက်မွန်ပွင့်သစ်တောသည် ခရီးသွားများ သဘောကျနှစ်သက်စွာ လည်ပတ်နိုင်ဆဲဖြစ်သော်လည်း မက်မွန်ပွင့်သစ်တောသို့ ဝင်ရောက်ရန် အခကြေးငွေကောက်ခံရမည့် စည်းကမ်းချက်တစ်ခုကို သူမက သတ်မှတ်ခဲ့သည်။

နောက်သုံးရက်လောက်ကြာတော့ မက်မွန်ပွင့်တောင်ပေါ်ကို ခရီးသွားတွေ တော်တော်များလာပြန်တယ်။ မက်မွန်ပန်းတောင်တန်းသို့ သွားရန် အခကြေးငွေ ပေးရသည်ကို သိသောအခါ အများစုမှာ အလွန် ထိတ်လန့်သွားကြသည်။

"ပန်းတွေကို သဘောကျလို့ တောင်ပေါ်တက်ကြည့်တာ ပိုက်ဆံပေးရမှာလား။ အဲဒါက ဘယ်လိုစည်းကမ်းမျိုးလဲ"

"တကယ်တော့ ငါတို့အားလုံးအရင်က မ‌ေပးခဲ့ရဘူး! ဤမျှကြီးမားသော မက်မွန်ပင်သစ်တောကြီး ကို ဖွင့်လှစ်သင့်သည် မဟုတ်လော။ ဘာကြောင့် အခကြေးငွေ ပေးရမှာလဲ"

စွဲမက်ဖွယ်ကောင်းသော သရဲဆရာ၀န်Where stories live. Discover now