94- ညအချိန်တွင် ရှု့စံအိမ်သို့အလည်အပတ်ရောက်ရှိခြင်း။

95 15 0
                                    


အခန်း 94- ညအချိန်တွင် ရှု့စံအိမ်သို့ အလည်အပတ်ရောက်ရှိခြင်း။

အစောင့်က လန့်ဖျပ်သွားပေမယ့် အမိန့်ကို မြန်မြန်ဆန်ဆန် အသိအမှတ်ပြုပြီး အနီရောင်‌ေတာက်‌ေတာက်ပူလောင်နေတဲ့ သံပူတံဆိပ်ကို မိသားစုခေါင်း‌ေဆာင်ဆီကို ဂရုတစိုက် မအပ်ခင် နောက်ကျောကို သွားလိုက်တယ်။

"မင်း ဘယ်လောက် သတ္တိရှိလဲဆိုတာ ငါကြည့်ချင်တယ်!"

သူ့လက်ထဲက တံဆိပ်တုံးသံက ကွမ်ရှီလင်းရဲ့ ခန္ဓာကိုယ်ပေါ်ကို ချတော့မယ့်ဆိုပြီး အေးစိမ့်လှတဲ့အသံနဲ့ မိသားစုအကြီးအကဲရှု့က ပြောပါတယ်။ အနီရောင် တံဆိပ်ခတ်ထားသော သံပူက ရေနွေးငွေ့ဖြင့် ရွှဲနစ်နေသေးပြီး အစောင့်များပင် ဆက်လက် မကြည့်နိုင်တော့ပေ။

"နေဦး!"

ြသဇာအာဏာနှင့် ပြည့်နှက်နေသော အသံတစ်ခုက သူ့ထံသို့ ရောက်ရှိလာပြီး တံဆိပ်ခတ်သံပူကို ကိုင်ထားသည့် မိသားစုအကြီးအကဲ သည် သူ့လက်ကို ချလိုက်ကာ ဝင်လာသောလူကို မျက်မှောင်ကြုတ်ပြီး လှည့်ကြည့်လိုက်သည်။

မီးခိုးရောင်ဝတ်ရုံနဲ့အဖိုးအိုသည် ပြေးဝင်လာပြီး ထောင်တွင်းရှိ သွေးနံ့ပြင်းပြင်းကို ထောက်လှမ်းကာ သတိလစ်နေပြီဖြစ်သော ဂွမ်ရှီလင်းကိုတွေ့လိုက်ရသောအခါ သူ၏မျက်လံုးများ မည်းမှောင်သွားပြီး ရှု့မိသားစုခေါင်းဆောင်ကို စိုက်ကြည့်ရင်း အလွန်စိတ်မကောင်းဖြစ်‌ေနပုံရသည်။

"ဒီလူက ငါတို့အတွက် အသုံးကျ ‌ေန‌ေသးတယ်။ မင်းက သူ့ကို သေတဲ့အထိ နှိပ်စက်ပြီး ကောင်မလေး မလာဘူးဆိုရင် ဒီအဘိုးကြီးက ဘယ်သူကိုရှာရမှာလဲ"

ထိုစကားကိုကြားတော့ ရှု့မိသားစုခေါင်းဆောင် က ဘာမှပြန်မပြောဘဲ ဘေးနားက အစောင့်ကို တံဆိပ်ခတ်သံပူပြားကို လွှဲပေးလိုက်ပြီး "စီနီယာ စိတ်ပူနေစရာ မလိုပါဘူး။ ဒီမိန်းမချောလေး လာမှာ သေချာတယ်!"

[သူမက တိမ်ထူလမြို့ကို ဇောက်ထိုးလှန်ပစ်ရမယ်ဆိုရင်တောင် သေချာပေါက်လာရှာမှာပါ။]

ညက နက်လာပေမယ့်ရှု့မိသားစုအိမ်ကြီးသည် နေ့ကဲ့သို့ မီးပုံးများဖြင့် လင်းထိန်နေ၏။ အစောင့်အဖွဲ့များစွာသည်ဒီညတွင် ဤနေရာတွင်ပေါ်လာနိုင်သည့် သားကောင်ကိုဖမ်းယူရန် ရှောင်ထွက်၍မရနိုင်သောပိုက်ကွန်တစ်ခုကို တည်ဆောက်ကာ အိမ်အတွင်းနှင့် အပြင်ဘက်သို့ တွားသွားကြသည်။

စွဲမက်ဖွယ်ကောင်းသော သရဲဆရာ၀န်Where stories live. Discover now