39.ကြွက်သိုက်ထဲသို့ ကျရောက်ခဲ့သည်။

226 38 0
                                    


အခန်း 39- ကြွက်သိုက်ထဲသို့ ကျရောက်ခဲ့သည်။

ကျွိ ကျွိ ကျွိ ကျွိ ကျွိ!"

ဘက်ပေါင်းစုံမှ သူမကို ဝိုင်းရံထားသည့် ကြွက်က လေးဆယ် သို့မဟုတ် ငါးဆယ်ခန့်ရှိပြီး ၎င်းတို့အနက်တစ်‌ေကာင်စီကလည်း ကြီးမားသောအရွယ်အစားရှိသည်။  ထိုအချိန်တွင် သူမကို အားလုံးဝိုင်းဝိုင်းလည်‌ေနကြကာ တစ်‌ေကာင်ပြီးတစ်‌ေကာင် သူမကိုကြည့်ကာ အဆက်မပြတ် ဟစ်အော်နေကြသည်။

သူမမှာ ရှိတဲ့ စွမ်းအားတွေနဲ့ ဒီကပ်ဆိုးကြီးကနေ ဘယ်လိုရုန်းထွက်နိုင်ပါ့မလဲ။

အဲဒီ လေးဆယ်ကနေ ငါးဆယ်အထိ ရှိတဲ့ကြွက် အားလုံးကို သတ်ပစ်ရမှာလား။ ဒီ ကြွက်များသည် သိသိသာသာ မျိုးပြောင်းများဖြစ်ပြီး ၎င်းတို့ကို သတ်ရန် လွယ်ကူမည် မဟုတ်ပေ။

သူမရွေးချယ်မှုများကို တွေးတောရင်း ဘေးမှ ပြင်းထန်သော လေတိုက်ခတ်မှုကို ခံစားလိုက်ရပြီး ဘယ်ဘက်မှ  ကြွက်များက ခုန်ကိုက်လာသည်ကို သူမတွေ့လိုက်ရသည်။

  သူမ၏ ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံး နာကျင်ကိုက်ခဲနေသော ဝေဒနာကို စိတ်ထဲမှ တွန်းထုတ်လိုက်ပြီး ဓားမြှောင်ကို လက်နှင့် ချက်ချင်း ဆုပ်ကိုင်လိုက်ကာ မျက်လုံးများ ကို လှည့်ပတ်နေလေသည်။  လျှို့ဝှက်ဆန်းကြယ်သော စွမ်းအား၏ အနီရောင်ဖျော့ဖျော့က ကြွက်တွေကို ဦးတည်တိုက်ခိုက်နေသော ချွန်ထက်သော ဓားမြှောင်ကို လေထဲမှာပင် တဟုန်ထိုး ဖြတ်သွားကာ ဖုံးအုပ်ထားသည်။

ထိုအချိန်တွင် ကျန်အ ‌ေကာင်မှာ လေးငါးဆယ်က အော်ဟစ်လိုက်ကြပြီး အားလုံးက သူမကို တစ်ချိန်တည်းတွင် ခုန်ကာ ဝိုင်းကိုက် ကြသည်။

“အ..!”

နာကျင်မှုကြောင့် သူမအော်ဟစ်လိုက်သော်လည်း ကြွက်လေးဆယ်မှ ငါးဆယ်အထိ သူမကို ကိုက်ဖြတ်ရန်ကြိုးစားသည့်တိုင် သူမ၏ ဓားမြှောင်အရှိန်ကလည်း နည်းနည်းမှ မနှေးကွေးပေ။  ထိုအချိန်တွင်  ဓားမြှောင်က လျှပ်စီးလက်သလို လျှပ်‌ေပြး‌ေနသည်။ ဓားမြှောင်ဖြင့် လှည့်ပတ် ဖောက်ထွက်ကာ နောက်ပြန်ဆွဲရင်း တစ်ယောက်တည်း တွေးတောမှု့တွေ စိတ်ထဲတွင် ပြည့်နှက်နေသည်။

စွဲမက်ဖွယ်ကောင်းသော သရဲဆရာ၀န်Where stories live. Discover now