Chapter «1» [ Arc 2 ]

4.6K 333 11
                                    

Chapter <1>

(ကံဆိုးမိုးမှောင် ကျပြီ။ ဒါက အကြီးကြီးကို ကံဆိုးမိုးမှောင် ကျတာပဲ အား...)

[Zawgyi]
ရွှယ့်လင် သူမျက်လုံးကို နောက်တစ်ကြိမ် ဖွင့်လိုက်တော့ အဲဒါ အဖြူရောင် မျက်နာပြင်ကြီး ဖြစ်‌နေခဲ့တယ်။ သူ့ခန္ဓာကိုယ်က ဆိုဖာပေါ်တွင် ဒီအတိုင်းလှဲနေခဲ့ပြီး အခြေအနေကတော့ နောက်ဆုံးအကြိမ်ကလောက်တော့ မဆိုးတော့ပေ။ မတ်တပ်ရပ်ကြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ဧည့်နားနေခန်း သို့မဟုတ် အလား တူ တစ်စုံတစ်ခု ဖြစ်လိမ့်မယ်။

သူက တင်ဆက်မှု တစ်ခုခု အတွက် ဖြစ်သင့်တဲ့ Tuxedoကို ဝတ်ဆင်ထားတယ်။ရွှယ့်လင်က စက်ဝိုင်းတစ်ပတ် လှည့်လိုက်ပြီး ဧည့်ခန်း တစ်လျှောက်ပတ် ‌ပြေးနေတဲ့ ‌မြေခွေးလေးကို ‌ပြောလိုက်တယ်။ "ငါ့ကို ဇာတ်ကြောင်း ပေးတော့။"

သူက တင်ဆက်မှု တစ်ခုခု အတွက် ဖြစ်သင့်တဲ့ Tuxedoကို ဝတ်ဆင်ထားတယ်။ရွှယ့်လင်က စက်ဝိုင်းတစ်ပတ် လှည့်လိုက်ပြီး ဧည့်ခန်း တစ်လျှောက်ပတ် ‌ပြေးနေတဲ့ ‌မြေခွေးလေးကို ‌ပြောလိုက်တယ်။ "ငါ့ကို ဇာတ်ကြောင်း ပေးတော့။"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Tuxedo
‌မြေခွေးလေးက သူ့အမြီးကို ခါပြီး ‌ပြောလိုက်တယ် " Host အရင်ဆုံး လှဲလိုက်သင့်တယ်။ "

အဲ့ဒါက မော်ဒန် ကမ္ဘာဖြစ်ပြီး *ဆောင်ပေါ် ငှက်သိုက် မှ ထွက်ပေါ်လာသည့် ရွှေဖီးနစ်*လို ဝတ္ထုအဖြစ် သတ် မှတ်နိုင်ပြီး ဖီးနစ်မှ ကမ္ဘာပေါ်တွင် ထွက်ပေါ်လာသည့် အမျိုးအစားမျိုးဖြစ်သည်။ ရွှယ့်လင်က ဝမ်ရှိုးယွမ် လို့ အမည်ရတဲ့ နာမည်ကြီး စန္ဓယားတီးသူ တစ်ယောက်ဖြစ်တယ်။ သူ့အမ ဝမ်ရှိုးထန်က လွန်ခဲ့တဲ့နှစ်က လက် ထပ်ထားတာ ဖြစ်ပြီး ကလေးတစ်ယောက် မွေးဖွားပြီးပြီ ဖြစ်သည်။သူ့မ ယောကျာ်းက ဖီးနစ်ကောင် ဖြစ်ပြီး ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက်မင်းသားလည်းဖြစ်သည်။

ဝမ်ရှိုးယွမ်က သု့ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့် ဂီတယှဉ်ပြိုင်ပွဲမှာ ပါဝင်နေတာ ဖြစ်သည်။တကယ်လို့ သူ ဒီပြိုင်ပွဲမှာ ထင်ပေါ်နိုင်ခဲ့မယ်ဆိုရင် သူက ကမ္ဘာ အကောင်းဆုံး ဂီတကျောင်းတော်ကို ဝင်ရောက်ခွင့်ရမှာဖြစ်ပြီး သူအမြဲတမ်း လေးစားအားကျရတဲ့ ဂီတ အကျော်အမော်‌တွေ လက်အောက်မှာ သင်ယူနိုင်မှာဖြစ်သည်။

ငါ့အမြှီးကိုဘယ်သူထိသွားတာလဲကွ? (Arc 2 to Final Arc)Where stories live. Discover now