Chapter «7»

1.4K 210 0
                                    

Chapter «7»
(ကောင်းကင်ဘုံရဲ့ ဂုဏ်ယူရတဲ့ သားတော်က အမြဲတမ်း အခြားသူတွေရဲ့ မုန်းတီးခြင်းကို ခံရတယ်။)

ပိုင်ဟောင်ရဲ့ အကူအညီနဲ့ ရွှယ့်လင် သူ့ကိုယ်တိုင် လုပ်ဖို့ ကိစ္စနည်းနည်းပဲ ရှိတော့တယ်။ သူကလက်ရှိ ရုပ်ရှင်အများအပြားနဲ့ နိုင်ငံတွင်း ရုပ်ရှင်ပွဲတော်တွေက ဆုရရုပ်ရှင်အချို့ကို ရှာပြီး သူ့ရဲ့ ကိုယ်ပိုင် ဇာတ်ညွှန်းအတွက်အလုပ်အနေနဲ့ နေ့တိုင်းနေ့တိုင်း သူတို့ကို အိမ်မှာကြည့်ရင် အချိန်ကုန်ဆုံးတယ်။

သူက ကိစ္စတွေအများကြီးကို လုပ်ခဲ့ဘူးပြီးပြီ ဖြစ်ပြီး အရင်တုန်းက သရုပ်ဆောင်တာကို ကြိုးစားခဲ့ဘူးရင်တောင်မှ သူ့အတွက်တော့ ရုပ်ရှင် ရိုက်ကူးတာက ပထမဆုံးဖြစ်နေသေးတယ်။ မူလပိုင်ရှင် ထားခဲ့တဲ့ ဇာတ်ညွှန်း‌တွေ၊ အခြားအသုံးဝင်တဲ့ အသိပညာတွေကဲ့သို့‌သော မှတ်ဉာဏ်များစွာလည်း ရှိပြီး Systemကလည်း သူ့အတွက် အများကြီး ပြင်ပေးထားပေမယ့် ရွှယ့်လင်က သေသေချာချာကို သင်ကြားဖို့အတွက် အလွန်အ‌လေးနက်ထား‌နေတုန်းပင်ဖြစ်တယ်။

သူက ပိုင်ယွီအနေနဲ့ ဒီကမ္ဘာမှာ တစ်သက်လုံးနေသွားရမှာ ဖြစ်တယ်။ သူက ရုပ်ရှင်နှစ်ခုလောက်လုပ်ပြီး အငြိမ်းစားယူတာမျိုး မလုပ်နိုင်ပေ။ သူကို တစ်ချက်ထိ အံအားသင့်စရာ တစ်ခုပဲလုပ်နိုင်တဲ့ တစ်ယောက်အဖြစ်ပဲ သိကြရင်လည်း ဆိုးလှတယ်။ ဒါ့အပြင် သူက ရုပ်ရှင် ရိုက်ကူးခြင်းကိုလညိး စိတ်ဝင်စားနေပြီဖြစ်ပြီး သူဒါကို သေသေချာချာ သင်ကြားဖို့ ဒီအခွင့်အရေးကို ယူနိုင်တယ်။

Systemကတော့ သူ့hostရမှာ ဒီလို အမျိုးစုံလှတဲ့ စိတ်ဝင်စားမှုတွေနဲ့ ဝါသနာတွေ ရှိတာလဲဆိုတာ မသိတော့ သူ့ရဲ့အားထုတ်မှု‌အပေါ်မှာပဲ အံ့အားသင့်ကာ သက်ပြင်းပဲ ချနိုင်ေ‌တာ့တယ်။

ရွှယ့်လင်က System ရဲ့ အတွေးတွေကို ကြားတဲ့အခါအှာ ရယ်လိုက်တယ်။ "ငါဒါကို အရင်ကလည်း‌ပြောဘူးတယ်။ - ငါကနှစ်ပေါင်းထောင်ချီအောင် ကျင့်ကြံနေတဲ့ ‌မြေခွေးမိစ္ဆာတစ်ကောင်လေ။ ဒီနှစ်‌တွေအားလုံးမှာ ကျင့်ကြံတာအပြင် ဘာမှမလုပ်ပဲ ဂူထဲက အသိုက်ထဲမှာပဲ ကုန်ဆုံးတယ်လို့ မင်းထင်နေတာလား။"

ငါ့အမြှီးကိုဘယ်သူထိသွားတာလဲကွ? (Arc 2 to Final Arc)Where stories live. Discover now