Chapter «3»

1.1K 208 4
                                    

Chapter «3»
( အခုချိန်မှာ တော်ဝင်မိသားစု ပြိုလဲဖို့ အချိန်နီးလာပြီ။)

ရွှယ့်လင်က ပျော်ရွှင်ဖွယ်ညလေးမှာ အနားယူပြီးနောက် နောက်နေ့မှာ စောစောနိုးလာခဲ့တယ်။ သူအိပ်ယာထဲမှာ အကြိမ်နည်းနည်းလောက် လှိမ့်လိုက်ပြီးတော့ နာနို ကွန်ပြူတာကို ဖွင့်လိုက်ပြီး အင်ပါယာရဲ့ နေ့စဉ်သတင်းတွေကို စတင်ဖတ်လိုက်တယ်။

လူတွေက လွန်ခဲ့တဲ့ နှစ်ရက် ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာဆောင် အခမ်းအနားမှာပဲ နစ်မြှစ်နေသေးတဲ့ပုံပေါ်တယ်။ တော်ဝင်မိသားစုက မနက်ခင်းမှာပဲ အရှင်မင်းသားက တိုက်ပွဲအတွက် မြိုတော်ကြယ်တာရာကနေ ထွက်ခွာသွားတယ်လို့ ကြေညာခဲ့ပြီး ပြည်သူတွေက လက်ထပ်ပြီးပြီးချင်း ခွဲခွာရတဲ့ တော်ဝင် ဇနီး‌မောင်နှံအတွက်အတွက် သူတို့စိတ်ထဲကနေ စာနာမိတယ်လို့ ဖော်ပြကျတယ်။

ရွှယ့်လင် စာမျက်နှာ နှစ်ခုလောက်ဖတ်ပြီး လှောင်ရယ် ရယ်လိုက်ကာ ဝင်းဒိုးကိုပိတ်လိုက်တယ်။

Systemရဲ့ သတိ‌ပေးချက် ကျေးဇူးကြောင့် ရွှယ့်လင် မနေ့က ဟိုနိုရီးယားကို ခေါ်ပြီး မင်းသားထွက်ခွာသွားတဲ့ သတင်းကို ထုတ်လွှင့်ပေးဖို့ သူမကို အကူအညီတောင်းလိုက်တယ်။ သူအတွက် လက်ဦးမှုယူပြီး သတင်းကိုရှယ်လိုက်တာက တခြားသူ‌တွေ ရှာတွေ့သွားတာကို စောင့်တာထက် ပိုကောင်းတယ် ပြီးတော့ ဒါက မင်းသမီးအတွက် ရှက်ဖို့ကောင်းရုံတင်မက မင်းသားရဲ့ ဂုဏ်သတင်းကိုလည်း ထိခိုက်စေလိမ့်မယ်။

မင်းသားက သူ့ရဲ့ ထူးချွန်တဲ့ အင်အားနဲ့ ချောမောတဲ့ ပုံပန်းသွင်‌ပြင်ကြောင့် အင်ပါယာရဲ့ နိုင်ငံကျော် အိုင်ဒေါဆိုပေမယ့်လည်း မင်းသမီးဆိုတဲ့ ဂုဏ်ပုဒ်ကလည်း အချဉ်မဟုတ်ပေ။ ထင်ရှားကျော်ကြားတဲ့ အိုမီဂါတစ်‌ယောက်အနေနဲ့ အက်ရှ်‌လေမှာ  စောင့်ရှောက်ချင်သူအယ်ဖာ‌တွေ တစ်အုပ်ကြီးရှိပြီး သူက မွေးကတည်းက မင်းသားနဲ့ စေ့စပ်ထားတယ်ဆိုတာ သိတာတောင် သူ့ကိုလိုက်ကြတဲ့သူတွေ အများကြီးရှိတယ်။

ရှင်းရှင်းပြောရရင် ရွှယ့်လင်မှာ မရေတွက်နိုင်တဲ့ အပိုတာယာတွေရှိတယ်။ သူတို့ ရှိနေမှတော့ သူ့အကြံကတော့ သူတို့ကို ကောင်းကောင်းအသုံးချပြီး သူ့ကိုယ်သူ ပြီးပြည့်စုံတဲ့ မင်းသမီးတစ်ပါးအဖြစ် ဟန်ဆောင်ဖို့ လူထုသဘောထားကို အသုံးချဖို့ ပြင်ရမယ်မဟုတ်လား။ 

ငါ့အမြှီးကိုဘယ်သူထိသွားတာလဲကွ? (Arc 2 to Final Arc)Where stories live. Discover now