Chapter «3»

1.8K 296 0
                                    

Chapter <3>

(ငါတို့ရဲ့ ကံတရားက ဘုရားသခင်ရဲ့ အလိုအ‌ပေါ်ပဲ
မူတည်တယ်။)

ဟိုတယ်မှာ ရွှယ့်လင် သူရဲ့တင်ဆက်မှုအတွက် ဝတ်ခဲ့တဲ့ ဝတ်စုံပြည့်ကို ချွတ်လိုက်ပြီး ရေချိုးလိုက်တယ်။
ပြီးနောက် သူအိပ်ယာပေါ်မှာလှဲလိုက်ပြီး သူ,သူရဲ့ အရင်ဘဝကအတိုင်းပဲ သူအလုပ်ရှုပ်မြဲ ရှုပ်နေဆဲလို့ခံစား နေရတယ်။

"System မင်းငါရဲ့ ချစ်လှစွာသော တူမလေးက ဘယ်မှာဆိုတာရှာနိုင်လား။"သူ လှည့်ပြီး systemကို ထုတ်လိုက်သည်။

"ငါ့မှာ အလုံးစုံ သိမြင်နိုင်တဲ့ အမြင်မရှိဘူးလေ"။Systemဆီမှ သနားစရာကောင်းတဲ့ ညည်းသံ တိုးတိုးလေး ထွက်လာခဲ့တယ်။ " ဒါပေမယ့် မင်း အမြန်ဆုံးနဲ့ ယုံကြည့်စိတ်အချရဆုံး စုံ‌ထောက် ရှာနိုင်ဖို့ အတွက် ငါ သတင်းအချက်အလက် အချို့တော့ ပေးနိုင်တယ်။"

"သူ့ကို ငါ့အစား ဆက်သွယ်လိုက်။" ရွှယ့်လင် မြေခွေးလေးရဲ့ခေါင်းကို ပွတ်လိုက်ပြီး systemကို လိုသုံး‌လေးတစ်ခုလို အသုံးချလိုက်တယ်။" ကောင်မလေးက အရင်ဆုံး ဘယ်မှာလဲ ဆိုတာကိုရှာလိုက်။ ပြီးရင် မနက်ဖြန် ဆေးရုံက ထွက်တဲ့ အခါ သူ့ကိုသွား‌ခေါ်လိုက်မယ်။"

Systemက ရွှယ့်လင် ဘာတွေလုပ်နေတာလဲဆိုတာ သူလုံးဝမသိတော့ဘူး။ အဲဒါက လုံးဝကို စိတ်ရှုပ်စရာပဲ။ သူ့ hostရဲ့ အတွေးတွေကို အမှီကို မလိုက်နိုင် ဘူး။"Host မင်း ဘာလုပ်ဖို့ စီစဉ်နေတာလဲ။"

"ဝမ်ရှိုးယွမ်က တကယ့်ကို သနားစရာကောင်းတာပဲ" ရွှယ့်လင်က မှတ်ချက်ချလိုက်တယ်။ " ပထမဆုံး သူ့ မိဘတွေသေရင် နောက် သူ့အစ်မက သေသွားပြန်ရော။သူ့ တူ‌လေးက ရူးကြောင်ကြောင်ဖြစ်သွားတယ်။ သူ့တူမလေးကလည်း သေသွားတယ်။ ပြီးတော့ နောက်ဆုံးတော့ သူလည်းပဲ ပုံစံဖော်ထားတဲ့ အတိုင်းပဲ သေသွားတယ်။ ငါဒီခန္ဓာကိုယ်ကို ဝင်ခဲ့တဲ့ အချိန်မှာ သူမိဘတွေကို မကယ်နိုင်ခဲ့ဘူး။ ဒါ့ကြောင့် သူရဲ့ကျန်တဲ့ ဆွေမျိုးတွေကိုပဲ ‌မြေစာပင် အဖြစ်ကနေ တတ်နိုင်သမျှ မြန်မြန်ကယ်ဖို့ပဲ ငါကြိုးစားနိုင်တယ်။"

"မင်း ဒါကိုလုပ်ဖို့ ဘယ်လို စီစဉ်ထားလဲ။"

" အများကြီး မဟုတ်ပါဘူး။ သူ့အစ်မကသာ သူ့တူလေးနဲ့ ထွက်သွားပြီးပြီဆိုရင်။ မနက်ဖြန် ငါတို့ ရှယ်ယာတွေကိုရောင်းမယ်။ ငါ့တူမကို သွားခေါ်ပြီး နိုင်ငံခြားကို ‌ပြောင်းကြမယ်။"

ငါ့အမြှီးကိုဘယ်သူထိသွားတာလဲကွ? (Arc 2 to Final Arc)Where stories live. Discover now