Chapter «8»

1.1K 196 0
                                    

  Chapter «8»
( ဖြစ်လာသင့်တဲ့ အရာအားလုံးက နောက်ဆုံးမှာ ဖြစ်လာလိမ့်မယ်။)

ရှေ့တန်းက အ‌ခြေအနေကတော့ သိပ်မကောင်းပေ။ အမှန်က အရှင်မင်းသားကို ရှာဖို့ လူပို မလွှတ်နိုင်ပဲ သူဆီမှာ ဘာမှ မဖြစ်ဖို့ ဆုတောင်းပေးနိုင်သည်ထိကို ဆိုးရွားနေတာဖြစ်တယ်။ သူဟာသူ ပြန်လာနိုင်ရင်တော့ အကောင်းဆုံးပေါ့။

မင်းသမီး ရှေ့တန်းမှာ zergတွေရဲ့ တိုက်ခိုက်မှုကို ခံစားနေရတဲ့ စစ်သားတွေအတွက် အင်အားတောင့်တင်းစေဖို့ သူ့နဲ့အတူ စစ်တပ်အဖွဲ့တစ်ခုကို ခေါ်လာခဲ့တာဖြစ်တယ်။ မင်းသမီးရဲ့ ဒီကိုလာတဲ့ ရည်ရွယ်ချက်က ဘာပဲဖြစ်‌နေပါစေ သူတို့အားလုံးက သူကို ကျေးဇူးတင်နေကြတယ်။

Zergတွေက တစ်နှစ်ပြီးတစ်နှစ်ပိုပိုပြီး ကြောက်ဖို့ကောင်းလာတယ်။ ဒီနှစ် zergလိုင်းက တော်တော်ကြီးကို ကြီးတယ် သူ့တို့မှာ ဘယ်လို ရူးသွပ်‌လောက်‌အောင် စိတ်ဓာတ်လှုံ့ဆော်မှုများရှိနေလဲ မသိပေမယ့် သူတို့က သွေးရူးသွေးတန်းတောင် တိုက်ခိုက်နေကြတာပဲ။ မင်းသမီးသာ သူနဲ့အတူ လူတွေ မခေါ်ခဲ့ဘူးဆိုရင် သူတို့ သိပ်အကြာကြီး မထိန်းနိုင်ပဲ သူတို့ ခုခံမှုတန်းက ပြိုလဲသွားမှာ သေချာသလောက်ပဲ။

ရွှယ့်လင် သူရောက်ရောက်ချင်း ရူးသွပ်နေတဲ့ Zergတွေကို သတိထားမိလိုက်ပြီး သူတိုက်ပွဲဆီ တန်းသွားပြီး သုံးရက်လုံး သတ်ဖြတ်ပစ်ခဲ့ကာ မရေမတွက်နိုင်သော zergလိုင်းတွေကို ရှင်းလင်းပစ်ခဲ့ပြီး နောက်ဆုံးမှပဲ ရှေ့တန်းမှာ ခြေစိုက်နေတဲ့ ဗိုလ်ချုပ်ကြီးနဲ့ တွေ့ဖို့အချိန်ရခဲ့ကာ ဒီမှာ ဘာတြွေဖစ်နေလဲဆိုတာ ပိုသိခဲ့ရတယ်။

မင်းသားက တိုက်ခိုက်ခံရပြီး ဒီ ‌ထောက်ပံ့‌ရေး စစ်စခန်းဂြိုဟ်ကို မရောက်ခင်မှာ ပျောက်ဆုံးသွားတာဖြစ်ပြီး စာရွက်စာတမ်း အများအပြားကို ရွှယ့်လင်က ပထမဆုံး မြင်လိုက်ရတယ်။ သူ, သူ့အံ့အားသင့်မှုကို လုံးဝကို မဖုံးကွယ်နိုင်ခဲ့ပေ။

ထောက်ပံ့ရေး စစ်စခန်းရှိ ဗိုလ်ချုပ်ကြီးဖြစ်သူ လွန်ခဲ့တဲ့ သုံးရက် zergတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့ သူရဲ့ အင်အားဖြစ်တဲ့ ရက်စက်ကြမ်းကြုတ်မှုကြောင့် ရွှယ့်လင်ကို လေးစားကြောက့်ရွံနေပြီး မင်းသမီးကို လုံးဝကို အထင်မသေးရဲပေ။  သူက လေးလေးစားစားနဲ့ တင်ပြလိုက်တယ်။ “ တကယ်တော့ အဲ့ဒါက တစ်ခဏတော့ အဆင်ပြေနေခဲ့သေးပြီး အရှင်မင်းသား မရောက်ခင်ထိတော့ zergလှိုင်းတွေ မရှိခဲ့သေးဘူး။ Zergတွေ ရူးရူးသွပ်သွပ် စပြီး ပြုမူနေခဲ့တာက လဝက်လောက်တော့ ရှိနေပြီ။ ပြီးတော့ သူတို့ ဘယ်လို လှုံ့ဆော်မှုမျိုးရခဲ့တာလဲဆိုတာလဲ မသိရသေးဘူး။ သူတို့ ကြည့်ရတာ အလျင်လိုနေတဲ့ ပုံနေတယ်ပြီး ပိုပိုပြီး ရူးရူးမူးမူးနဲ့တောင် တိုက်လာကြသေးတယ်။ အရှင်သာ ရောက်မလာဘူးဆိုရင် ကျွန်တော်တို့ ဆက်ထိန်းထားနိုင်တော့မှာ မဟုတ်ပါဘူး။”

ငါ့အမြှီးကိုဘယ်သူထိသွားတာလဲကွ? (Arc 2 to Final Arc)Where stories live. Discover now