Chapter «7»

1.1K 198 13
                                    

( အသက်ခုနှစ်ရာ ရှိတဲ့ သောက်လူအိုကြီး။)

ရူဇယ် mechaရဲ့ နောက်ဆုံးအပိုင်းကို အပြီးသတ်လိုက်ပြီး နောက်ဆုံးတော့ ဒီနေ့ လုပ်စရာရှိတဲ့ အလုပ်တွေ အားလုံးပြီးသွားပြီ။

သူသက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး အလုပ်ရုံက  အန်ကယ်ကို နှုတ်ဆက်လိုက်ကယ အပြင်ဘက်ကို ခပ်သွက်သွက် လမ်းလျှောက်ပြီး လမ်းဘေးဆိုင်ကနေ ပေါင်မုန့်နှစ်ထုပ်ဝယ်ကာ အိမ်ကို အမြန်အပြေးအလွှားပြန်ခဲ့တယ်။

သူတံခါးကို ဝင်ပြီးနောက်မှာပဲ သူ့လည်ပင်းကို လက်အကြီးကြီး တစ်စုံနဲ့အညှစ်ခံလိုက်ရပြီး ရူဇယ်က ငယ်ရွယ်သေးတာကိုတောင် သူ့တစ်ကိုယ်လုံးက တိုက်ရိုက် ‌မြောက်တက်သွားပြီး ‌ခြေနှစ်ဖက်လုံးက လေထုအလယ်မှာ တွဲလောင်းဖြစ်သွားတယ်။ လေပြတ်သွားတာကြောင့် သူ့မျက်နှာက နီရဲလာပြီး ထိတ်လန့် ပြာခတ်ခတ်သွားပြီး တောင်းပန်တဲ့အနေတဲ့ လက်ကို ရမ်းပြီး ပြောလိုက်တယ်။ “ ကျွန်တော်
က ရန်သူမဟုတ်ပါဘူ။  ကျွန်တော့်ကို မြန်မြန်အောက်ချပေးပါ။”

နှစ်တွေအတွင် inhibitorတွေဝယ်ဖို့ ချွေတာပြီး ပိုက်ဆံစုခဲ့တာကြောင့် ရူဇယ်ရဲ့ ခန္ဓာကိုယ်က အလွန်သေးငယ်ပြီး သူဆယ်ရှစ်နှစ်ပြည့်ကာနီးနေတာတောင်မှ သူ့ကြည့်ရတာ အရွယ်မရောက်သေးတဲ့ ဆယ်ကျော်သက်လေးတစ်‌ယောက်နဲ့ တူနေသေးတယ်။

ဒီအချိန်မှာ ရူဇယ်ရဲ့ မျက်လုံးတွေက ထိုလူရဲ့ လုပ်ဆောင်မှုကြောင့် နီရဲနေပြီး သူ့အသက်က သူ့လက်ရဲ့ ဟန်ချက်ပေါ်မူတည်နေပြီး ရုန်းကန်နေရတယ်။

လူသာ ခဏတုံ့ဆိုင်းနေပြီး ရူဇယ်ကို အောက်ချပေးလိုက်ပေမယ့် သူ,သူ့ကို သတိတထားနဲ့ စောင့်ကြည့်နေသေးတယ်။

အယ်ဖာတစ်ယောက်အနေနဲ့ သူဆိုးဆိုးရွားရွားနေမကောင်းဖြစ်ပြီး သူ့ရဲ့မူလ မုတ်ညာဏ်တွေ တစ်ခုမှ မရှိဘဲ နိုးလာတာတောင် လူသာ့ရဲ့ဗီဇက မပြောင်းလဲသေးပဲ သူက သတိရှိဆဲပင်။

ရူဇယ် အသက်ရှူလိုက်ပြီး သူ့ရင်ဘတ်ကို ပွတ်ရင်း သူ့နှလုံးခုန်နှုန်းကတောင် ပြင်းပြင်းထန်ထန်ခုန်နေတုန်းပဲ ခံစားလိုက်တယ်။ ဒါပေမယ့် သူ့ကို ညှစ်ခဲ့တဲ့ လူငယ်အပေါ်မှာတော့ မကျေနပ်စိတ် အပြစ်တင်စိတ်တော့ မရှိပေ။

ငါ့အမြှီးကိုဘယ်သူထိသွားတာလဲကွ? (Arc 2 to Final Arc)Where stories live. Discover now