Chapter « 5 »

909 146 4
                                    

Chapter «5»
(သူမပိုင်ဆိုင်တဲ့အရာတစ်ခုခုက ပျောက်ဆုံးသွားသလိုပဲ.....။)

ရထားလှည်းက လမ်းတစ်လျှောက် ရွေ့လျားနေခဲ့တယ်။ အတွင်းမှာတော့ တိတ်ဆိတ်နေခဲ့တယ်။ ကျန့်ရှောင်ဇီက လမ်းတစ်လျှောက် တိတ်ဆိတ်နေခဲ့ပြီး ရုတ်တရက်ပြောလာခဲ့တယ်။ " ဇနီး မင်းနန်းတော်ထဲမှာ ကြီးပျင်းလာခဲ့ပြီး ဘယ်တုန်းကမှ အပြင်မထွက်ခဲ့ဘူးပေါ့။ ဒါဆို မင်းနန်းတော်အပြင်ဘက်က အရသာရှိတဲ့ အစားအစာတွေ စားဘူးမှာ မဟုတ်ဘူး။ ကိုယ်တို့ နေ့လည်စာကို အပြင်မှာ စားကြမလား။"

ရွှယ့်လင်က စာအုပ်ကို လှန်ကြည့်နေရင်း သူ့ပါးကို သူ့လက်နောက်နဲ့ ထောက်လိုက်တယ်။ သူဒီစကားတွေကို ကြားတော့ သူလှည့်ကြည့်လိုက်ကာ ထိုအမျိုးသားမျက်နှာမှာ ဘာအမူအရာမှ မရှိပေမယ့် ရွှယ့်လင်ကတော့ သူ့တည်ငြိမ်အေးစက်တဲ့ မျက်နှာပေါ်က တင်းအားနဲ့ တွန့်ဆုတ်မှုတွေကိုမြင်နိုင်ပါသေးတယ်။

သူရက်တွေကို တွက်လိုက်ပြီး ဒီနေ့က ဇာတ်လိုက်မ နန်းတော်ကအပြန် အမျိုးသားပါပီကို တွေ့တဲ့နေ့ဆိုတာကို သိလိုက်ရတယ်။ ဒီနေ့ နေ့လည်မှာ နန်းတော်နေ့လည်ခင်း စားသောက်ပွဲရှိတာကြောင့် ဇာတ်လိုက်မက ပွဲမပြီးမချင်း ပြန်လာဦးမှာ မဟုတ်ဘူး။ သူတွေးကာ ခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်တယ်။ " ကောင်းပြီလေ။"

ကျန့်ရှောင်ဇီလည်း သူခေါင်းငြိမ့်တာ မြင်တော့ မနေနိုင်တော့မှာ သူ့မျက်နှာမှာ အပြုံးတစ်စွန်းတစ်စပေါ်လာတော့တယ်။ သူဘေးကိုထွက်ကာ လူတွေကို သီးသန့်ခန်းယူခိုင်းလိုက်ကာ ဟင်းယာအချို့နဲ့ ဝိုင်အချို့ကို အချိန်မှီ ပြင်ဆင်ခိုင်းလိုက်ပြီး သူ့ပုံက အရမ်းပျော်ရွှင်နေသလိုပင်။

တကယ်လည်း သူက တကယ်ပျော်နေတာပင်။ ဒါက သူတို့ရဲ့ လက်ထပ်ပွဲပြီးကတည်းက သူနဲ့ သူ့ဇနီးရဲ့ တရားဝင် နေ့လည်စာ အတူတူစားရတဲ့ ပထမဆုံးအကြိမ်ဖြစ်တယ်။ လက်ထပ်ပြီးကတည်းကနေဆို သူတို့တစ်ခါပဲ အတူတူစားဖူးသေးတာဖြစ်ပြီး ရွှယ့်လင်ရဲ့ လစ်လျူရှုမျက်နှာပေးက သူ့ကိုတကယ်နက်နက်ရှိုင်းရှိုင်းကို စိတ်ဖိစီးစေတယ်။

ငါ့အမြှီးကိုဘယ်သူထိသွားတာလဲကွ? (Arc 2 to Final Arc)Where stories live. Discover now