Chapter « 12 »

546 83 0
                                    

Chapter «12»
(ပြီးင် ထွက်ခွာရတော့ယ်လေ။)


အခုချိန်မှာ အခြေခံ ဗျူဟာကိုတော့ လုပ်ဆောင်ပြီးပြီ။ ပြီးတော့ သူသုံးနိုင်တဲ့ plug-inကြီးလည်းရှိတော့ ကိစ္စအများကြီးလုပ်ရတာ ပိုလို့တောင် လွယ်ကူလာသေးတယ်။

ကျန့်ရှောင်ဇီ ဝမ်ယွမ် ဟုန်အပေါ် ချစ်ပြလွန်းလို့ဖြစ်မယ် ဧကရာဇ်တောင် သူ့နှမတော်ကို ကျန့်ရှောင်ဇီနဲ့ လက်ထပ်ပေးပြီးတော့ စစ်သူကြီးအပေါ် သတိထားစောင့်ကြည့်တာတွေပေါ့‌ရော့လာတယ်။ ဧကရာဇ် သူ့အတွက် စီစဉ်ပေးထားတဲ့ တာဝန်တွေကလည်း သက်သောင့်သက်သာနဲ့ လုပ်ဆောင်ရန် လွယ်ကူတာကြောင့် မင်းသမီးရဲ့ ခင်ပွန်းက ဒီရက်အတောအတွင်းမှာ မျက်နှာသာ ပေးခံနေရတယ်လို့တောင် ဆိုနိုင်တယ်။

ရွှယ့်လင်က မကြာခဏ နန်းတော်ကိုသွားပြီး ဧကရာဇ်အတွက် ဟင်းယာတွေပို့နေချိန်မှာ မင်းသားရဲ့ လှုပ်ရှားမှုတွေကလည်း အတော်လေးနှေးကွေးသွားပြီး ဧကရာဇ် ခန္ဓာကိုယ်ထဲမှာ စုပုံနေခဲ့တဲ့ အဆိပ်တွေကလည်း အခြေခံအားဖြင့်တော့ ပျက်ပြယ်နေပြီ။ အရှင်မင်းသားလည်း သူ့ခမည်းတော် တစ်နေ့တခြားပိုမို သန်မာလာတာကို ကြည့်ရင်း သူ့မျက်မှောင်ကြုတ်ကာ ယင်ကောင်တောင် ညှပ်သတ်လို့ရလောက်တယ်။

သူတို့ အစီအစဉ်တွေ နှောင့်နှေးလာတာနဲ့အမျှ အလုပ်အများဆုံးဖြစ်လာတဲ့သူကတော့ ပိုင်ချန်းယန်ပဲ။ ဒီအချိန်မှာ သူ့ခြေထောက်မယ် မြေကြီးနဲ့တောင် မထိတော့ဘူး။ သူအမြဲတမ်း အမတ်ချုပ်အိမ်တော်ကို ညဥ့်နက်မှ ပြန်လာရပြီး အိမ်မှာ အချိန်တိုင်းလိုကို မရှိနေလို့ အမတ်ချုပ်စီကနေတောင် အဆူခံလိုက်ရသေးတယ်။ ဒါပေါ့ ဒါတွေအားလုံးကကျန့်ရှောင်ဇီရဲ့ လုပ်ရပ်တွေပဲ။

ကျန့်ရှောင်ဇီလုပ်နေတာက သူအရင်ကပြောထားတာတွေနဲ့ တခြားဆီပဲ။ သူက ပြင်းထန်တဲ့ မုန်တိုင်းတစ်ခုလို ပြိုင်ဘက်ဖြစ်ဖို့ အလားအလာရှိတဲ့ ရန်သူကို ဖယ်ရှားဖို့ စိတ်ရောကိုယ်ပါ နှစ်မြှပ်ထားတယ်။ သူပိုင်ချန်းယန်ကို ပွင့်ပွင့်လင်းလင်း မဆန့်ကျင်နိုင်မှတော့ သူအလုပ်များဖို့ ကိစ္စလေးတွေရှာပေးရုံပေါ့။ တစ်ဖက်လူက ရွှယ့်လင်ဆိုင်ကို မလည်နိုင်လောက်အောင် အလုပ်ရှုပ်နေရင် အကောင်းဆုံးပဲ။

ငါ့အမြှီးကိုဘယ်သူထိသွားတာလဲကွ? (Arc 2 to Final Arc)Where stories live. Discover now