Chapter «4»

235 42 1
                                    

Chapter «4»
( ငါ့နာမည်က ဟန်ဝူကျန့်။ ဒီနေ့က စပြီး ငါက မင်းရဲ့ ဆရာပဲ။ )

အဓိက မြိုတော်ကို ဝင်ပြီးနောက် မြေပုံအတိုင်း ကစားသမားတွေ သူတို့ရဲ့ ပညာရပ်ကို ရွေးချယ်နိုင်တဲ့နေရာဆီ သွားခဲ့တယ်။ သေချာပေါက် အနာဂတ်မှာ ပျားပန်းခတ်သွားလာနေမှာဆိုပေမယ့် အခုချိန်မှာတော့ လူအရမ်းနည်းသေးတယ်။

NPCနဲ့ ကစားသမားတွေကြားထဲ သူတို့ရဲ့ အသွင်အပြင်နဲ့ ခွဲခြားလို့မရဘူး။ အချင်းချင်း friendဖြစ်ချိန်မှာ တစ်ဖက်လူရဲ့ ခေါင်းပေါ်မှာ နာမည်ကို မြင်နိုင်မယ်ဖြစ်ပြီး အခြားဖက်မှာတော့NPCနဲ့ ကစားသမားကြား ကွာခြားမှု အနည်းငယ်ရှိတယ်။ ကစားသမား ဂိမ်းကို ဝင်ရောက်ချိန်မှာ NPCမှ လုပ်ထုံးလုပ်နည်းကနေ သွေဖယ်တဲ့ မည်သည့် အပြုအမူကိုမဆို မဖမ်းမိဖို့လိုတယ်လို့ ဂိမ်းsystemဆီကနေ အကြိမ်ပေါင်းများစွာ သတိပေးခြင်းခံရတယ်။ မဟုတ်လို့ကတော့ ဘေးဖြစ်စေပြီး NPCတွေဆီကနေ အသတ်ခံရတာ ဒါ့မဟုတ် တခြားဒီလိုဆင်တူတဲ့အဖြစ်မျိုးဖြစ်သွားနိုင်တယ်။ ဘာNPCပဲဖြစ်ဖြစ် သူတို့ဆီမှာ ကစားသမားတွေထက်ပိုတဲ့ အခွင့်အာဏာရှိပြီး ကစားသမားတစ်ယောက်ကို သတ်ပစ်တာက မြန်ဆန်၊ရိုးရှင်းတဲ့ ကိစ္စတစ်ခုဖြစ်တယ်။

ဒီNPCတွေကိ ဒီကမ္ဘာရဲ့ မူလနေထိုင်သူတွေလို့ သတ်မှတ်နိုင်တယ်။ သူတို့အတွက်တော့ ကစားသမားတွေက နိုင်ငံခြားသားတွေဖြစ်တယ်။ လူသားမျိုးနွယ်ရဲ့ ကစားသမားတွေ လူသစ်ရွာကိုရောက်လာချိန်မှာ NPCတွေရဲ့ ပျူငှာမှုကို ခံစားရလိမ့်မည့် ဒါပေမယ့် သူတို့က ကမ္ဘာအပြင်ဘက်နေ ဝင်လာတယ်ဆိုတာကို သိသွားကြတဲ့အခါမှာ NPCတွေက စပြီး ရန်လိုလာကြတော့တယ်။ သူတို့က ကမ္ဘာနဲ့ သက်ဆိုင်တယ်လို့ မပြုမူနိုင်ရင် NPCတွေရဲ့ အကောင်းမြင်စိတ်တွေကို ဆုံးရှုံးရပြီး တဖြည်းဖြည်းနဲ့ ကစားသမားတွေက questတွေကိုတောင် ပြီးဆုံးအောင်မလုပ်နိုင်တော့သည်ထိ ဖြစ်သွားလိမ့်မယ်။

ရွှယ့်လင်က အလွယ်ဆုံးလမ်းကို ရွေးလိုက်တယ်။ သူ မှတ်ပုံတင်ရုံးကို လူငယ်NPCနောက်လိုက်သွားကာ သူ့အပြုအမူတွေအတိုင်းလိုက်လုပ်ကာ ချောချောမွေ့မွေ့နဲ့ မှတ်ပုံတင်ခြင်းကို ပြီးမြောက်သွားတယ်။.

You've reached the end of published parts.

⏰ Last updated: Mar 26 ⏰

Add this story to your Library to get notified about new parts!

ငါ့အမြှီးကိုဘယ်သူထိသွားတာလဲကွ? (Arc 2 to Final Arc)Where stories live. Discover now