Chapter «6»

1.2K 200 1
                                    

Chapter «6»
(ဘယ်သူက ဒီကြယ်တာရာတွေရဲ့ စစ်မှန်တဲ့ ဧကရာဇ်လဲ။)

‌မြေအောက် နန်းတော်ရဲ့ ကျယ်ပြောတဲ့ ခန်းမအတွင်းမှာတော့ အမျိုးသားတစ်‌ယောက်က ဘယ်ကနေ ဆွဲထုတ်လာမှန်းမသိတဲ့ ပလ္လင်ပေါ်မှာ ပျင်းတိပျင်းရွဲနဲ့ ထိုင်နေပြီး သူ့ရှေ့မှာတော့ အမျိုးမျိုးသော တခြားခန်းမ‌တွေကနေ သူဆွဲထုတ်ထားတဲ့ ခေါင်းတလား အများအပြားကို စီခင်းထားပြီး လွှင့်ပစ်ဖို့ အဆင်သင့်ဖြစ်နေပြီ။ သူ့မျက်နှာရှေ့မှာတော့ နာနို ကွန်ပြူတာရဲ့ မျက်နှာပြင်ရှိ‌နေတယ်။

မျက်နှာပြင်ပေါ်ရှိ  နှုတ်ခမ်းတွေက ဖျော့တော့သွားအောင် တော်တော်လေး တင်းတင်းစေ့နေကာ လက်သီးတွေကလည်း တင်းကြပ်သွားပြီး သူ့ရဲ့ ပန်းရောင် နှုတ်ခမ်းပါးတွေဆီက သာယာတဲ့ အသံလေးက တစ်ကြောင်းချင်း တစ်‌ကြောင်းချင်းကို ကျောက်စိမ်းနဲ့ ကျောက်တုံး တိုက်မိသလို ရှင်းလင်းပြီး ပြတ်သားစွာ တစ်လုံးချင်းစီ ထွက်လာတယ်။

တစ်ခုပဲ...

အမျိုးသားရဲ့ လက်တွေက လူငယ်လေးရဲ့ မျက်နှာကို ကြင်နာစွာနဲ့ ‌ဖြေး‌ဖြေးချင်း ပွတ်သတ်နေတယ်။ “ မင်းရဲ့ ယောကျာ်းဖြစ်သူ?”

သူက နှာတစ်ချက်မှုတ်ကာ သူ့ရဲ့ နာနို ကွန်ပြူတာကို ထပ်ဖွင့်ပြီး အမိန့်တစ်ခုပေးလိုက်တယ်။

နာနိုကွန်ပြူတာက အကြိမ်အနည်းငယ် တဖျက်ဖျက်လက်သွားပြီး အဲ့ဒါကို ကြည့်ရတာ တုံ့ဆိုင်းနေပုံပေါ်နေပေမယ့် နောက်ဆုံးမှာတော့ သူ့သခင်ရဲ့ သန်မာတဲ့ လက်ကို မခုခံနိုင်တဲ့အဆုံးမှာတော့ မျက်နှာပြင်ပေါ်မှာ နောက်ထပ်ပုံရိပ်တစ်ခုကို ပြခဲ့တယ်။

ပုံရိပ်ထဲက လူငယ်လေးက သေချာပေါက်ပဲ စောနကတင် ကျေညာချက်ထုတ်ပြီး ဒီလို စိတ်လှုံ့ဆော်ပေးတဲ့ စကားတွေက်ု ပြောခဲ့တဲ့ သူပဲပေါ့။ သူ့လက်သီးတွေကို တင်းတင်းဆုပ်ထားပြီး သူက အင်ပါယာရဲ့ အမြင့်မြတ်ဆုံး ဧကရာဇ်ကို တိုင်တည်ပြီး ကျိန်ဆိုစကားဆိုခဲ့တာက ထိုအမျိုးသားကို အထူးကို ပျော်ရွှင်သွားစေပြီး အခုချိန်မှာ သူတကယ်ပဲ သူ့ရဲ့ အချစ်ကလေးကို ‌တွေ့ချင်မိသွားတော့တယ်။

ငါ့အမြှီးကိုဘယ်သူထိသွားတာလဲကွ? (Arc 2 to Final Arc)Where stories live. Discover now