Chapter «15» [ Arc-2 Final]

2K 245 1
                                    

Chapter«15»
(ဒါပေမယ့် သူ,မင်းကို ချစ်တယ်လေ~~~)

ရွှီးရုန်ယိနဲ့ ပိုင်လုကျီတို့ နှစ်ယောက်လုံး သူတို့ မြို့တော်မှာ ထပ်မနေတော့ဘူးဆိုတာ ဆုံးဖြတ်လိုက်ကြတယ်။

သူတို့ ဝမ်ရှိုးယွမ်ကို သတ်ဖို့ ကြေးစားလူသတ်သမား တစ်‌‌ယောက် ငှားရမ်းခဲ့ပေမယ့်လည်း နောက်‌ဆုံ ရလဒ်အဖြစ်အနေနဲ့ သူတို့ ပိုက်ဆံတော်‌တော်များများပဲ လိမ်ခံလိုက်ပြီး ဝမ်ရှိုးယွမ်က ကောင်းကောင်းပြင်ဆင်လာပြီး ထုတ်သုံးရန် ဝှက်ဖဲတွေ တော်တော် များများရှိနေသေးတယ်ဆိုတာကို နောက်တစ်ကြိမ် ထပ်ပြီးနားလည်လိုက်တော့တယ်။

သူတို့ ဝမ်ရှိုးယွမ် သူတို့တံခါးဆီ ရဲ‌တွေ ခေါ်မလာခင် နိုင်ငံကတွေထွက်ခွာဖို့ ရွေးချယ်လိုက်တယ်။

တကယ်လို့ ဝမ်ရှိုးယွမ်တောင် နှစ်နှစ်အတွင်း ပြန်လာနိုင်ရင် သူတို့လည်း လုပ်နိုင်တယ်။

တကယ့်တော့ ရွှယ့်လင် ဒီလင်မယားကြားထဲက ခံစားချက်ကို သဘောကျတယ်။ လူတွေ အမြဲ‌ပြောကြတာက လက်ထပ်ပြီးသား စုံတွဲဆိုတာ တောအုပ်တစ်ခုတည်းက ငှက်တွေနဲ့ တူတယ် သူတို့ ဘေးအန္တရာယ်နဲ့ ကြုံတဲ့ အခါကို တစ်ကွဲတစ်ပြားဆီ အဝေးကို ပျံသန်းသွားကြတယ်တဲ့။ ဒါ‌ပေမယ့် အစကနေ အဆုံးထိ သူတို့ နှစ်ယောက်လုံးက တစ်ယောက်နဲ့ တစ်ယောက် လက်လွှတ်ဖို့ ရည်ရွယ်ချက် ရှိပုံ‌မပေါ်ဘူး။ သူတို့ သူတို့ရဲ့ ပစ္စည်းတွေကို ထုပ်ပိုးပြီး ထွက်ပြေးဖို့ ပြင်ဆင်နေတဲ့ အချိန်မှာ ရွှီချင်းကို ရွှီးရုန်ယိရဲ့ အမေဆီမှာ လက်လွှဲထားခဲ့တယ်။

မစ္စစ်ရွှီးက မာကျောက် ကစားရတာကို စွဲလမ်းပြီး မာကျောက်စားပွဲတွေမှာပဲ တစ်နေ့လုံး ရှိတယ်။ သူမက သူမသားနဲ့ ပိုင်လုကျီမှာတစ်ခုခုဖြစ်နေတာကို သိပေမယ့် ဒါက အရေးကြီးတဲ့ ကိစ္စဆိုတာကိုတော့ မသိဘူး။ သူက လက်လွှဲပေးတဲ့ အခါမှာ သူမက အမှတ်တမဲ့နဲ့ လက်ခံလိုက်ပြီး သူမသား ဘာ‌ပြော‌ပြော ဝေဝေဝါးဝါးနဲ့ သဘောတူလိုက်ပြီး မာ‌ကျောက်ပဲ လှည့်ပြီး ကစားတော့တယ်။

ရွှယ့်လင်မှာ သူမကို လောလောဆယ်တော့ ကိုင်တွယ်ဖို့ ရည်ရွယ်ချက် မရှိဘူး။ ဒီအစား ရွှီးရုန်ယိနဲ့ ပိုင်လုကျီက ထွက်ပြေးသွားကြောင်း လူတွေကိုပဲ သတင်းပေးခဲ့တယ်။ သူတို့ နယ်စပ်ကို ဖြတ်သန်းတဲ့ အခါမှာ သူတို့ အထိန်းသိမ်းခံလိုက်ရတယ်။

ငါ့အမြှီးကိုဘယ်သူထိသွားတာလဲကွ? (Arc 2 to Final Arc)Where stories live. Discover now