Chapter «4»

1.7K 271 5
                                    

Chapter <4>
( ဒါ ငါ့ရဲ့ Business card။)

ရွှယ့်လင်က System ကို ဗလာသက်သက် စိုက်ကြည့်လိုက်တယ်။ " ဒါက ဇာတ်လမ်းရဲ့ တစ်စိတ်တစ်ပိုင်းလား။"

Systemရဲ့ မျက်နာကလည်း ကြည့်ရတာ ထူးဆန်းသွားတယ်။ " အာ.. အဲဒါက..... မဖြစ်သင့်....။"

ရွှယ့်လင်က ဖုန်းဘက်ကို ပြန်လှည့်လိုက်ပြီး စုံထောက်နဲ့ပဲ စကားကို ဆက်‌ပြောလိုက်တယ်။ " ပြန်ပေးဆွဲခံရတယ်။ မင်း သူမကို ရှာနိုင်လား။"

"ရှာဖွေဖို့ သတ်မှတ်ထားတဲ့ ဧရိယာက အရမ်း ကျယ် လွန်းတယ်။ သူမ ပြန်ပေးဆွဲခံရတာလည်း အချိန် အချို့ရှိနေပြီးပြီ။ မိန်းမကြီးက ကလေးမလေးကို သူမနဲ့ အတူ မာကျောက်ကစားဖို့ ခေါ်လာတယ်။နေ့အများစုမှာလည်း သူမကို ဘယ်သူမှ မကြည့်ရှုစောင့်‌ရှောက်ကြဘူး။ ဒါကြောင့် သူမ ဘယ်အချိန်က ပျောက်သွားမှန်းတောင် ဘယ်သူမှ မသိကြဘူး။ နောက်နေ့မှ သူတို့က သူမကို တစ်နေ့လုံးရှာကြတယ်။ ဒါပေမယ့် နောက်ထပ်နှစ်ရက်အထိ ရွှီးရုန်ယိကို မ‌ပြောရဲဘူး။ ရွှီးရုန်ယိကတော့ ရှာ‌ဖွေဖို့ အသေးစိပ် စစ်ဆေးနေတယ်။

ရွှယ့်လင် သူ့မျက်လုံးကို ကျဉ်း‌မြောင်းလိုက်သည်။ ဒါဘယ်လို ဖြစ်သွားရတာလဲ။ ဂိမ်းရဲ့ ခက်ခဲမှု အဆင့်က ရုတ်တရတ်ကြီး တိုးသွားတာလား။

" သိပြီ။ ဒါ့အပြင် ငါ့ကို ကူပြီး သဲလွန်စတွေ ဆက်ရှာပေးဦး။ ငါ လက်ကျန်‌ပေးငွေကို အခု လွဲလိုက်မယ်။ ဒါဆို သူတို့ကို ဆက်ပြီး စောင့်ကြည့်ဖို့ မမေ့နဲ့။ ရွှီးရုန်ယိ ဖြစ်ဖြစ် ပိုင်လုကျီဖြစ်ဖြစ် သူတို့ရဲ့ လှုပ်ရှားမှုအ‌ခြေအ‌နေ‌ ‌တွေကို ငါဆီကို အစီရင်ခံ။"

" အိုခေ။ မင်းက ပိုက်ဆံနဲ့ သူပဲ။ မင်း‌ပြောတဲ့အတိုင်း လုပ်ရမှာပေါ့။ "

ရွှယ့်လင် စုံထောက်နဲ့ ကိစ္စတွေကို လက်စသတ်လိုက် ပြီးနောက် သူ့မေးစေ့ကို ပွတ်လိုက်ပြီး System ကို မေးလိုက်တယ်။ " ဒါ ဘယ်လို ဖြစ်ရတာလဲ။ "

System က တစ်ဖက်သူရဲ့ သေစေနိုင်တဲ့ စူးစူးရှရှ အကြည့်ရဲ့အောက်မှာ ကို့ယို့ကားယား ရယ်လိုက်ပြီးတော့ သူ့ကိုယ်သူ နစ်နာချက် အပြည့်နဲ့ ဘောလုံးလေး တစ်လုံး အရွယ်အစားလောက် ကျုံ့လိုက်တယ်။ "Host မင်းငါ့ကို ဒီကိစ္စကြောင့် အပြစ်တင်လို့ မရဘူးလေ...."

ငါ့အမြှီးကိုဘယ်သူထိသွားတာလဲကွ? (Arc 2 to Final Arc)Where stories live. Discover now