Chapter «14»

1.6K 232 1
                                    

Chapter «14»
(မျက်နာ ဆက်တိုက်ရိုက်ခြင်း။)

ရုတ်တရတ် ဝမ် နဲ့ ရွှီး မိသားစုနဲ့ ပတ်သတ်တဲ့ အသံတွေ ပေါ်လာပြီး များစွာသော ပို့စ်တွေက တစ်ခုပြီး တစ်ခုထွက်ပေါ်လာတော့တယ်။ ဘာပဲဖြစ်ဖြစ် ဝမ်ရှိုးယွမ်ရဲ့ စီးပွားရေး ပါရမီကို ‌ပြောတဲ့ ပထမပို့စ်တွေက ရှိနေတုန်းပဲ။ ပထမတော့ အရောင်းပို့စ်‌တွေ ‌ကြော်ညာတဲ့ သူတွေ အနည်းငယ်ပဲရှိနေပေမယ့် တဖြည်းဖြည်းနဲ့ ပိုပိုပြီး အဲ့ဒီအကြောင်းအရာနောက်ကို လိုက်တဲ့သူတွေက များများလာတော့တယ်။ အဲ့အချိန်မှာပဲ မူလပို့စ်ပိုင်ရှင်က ပုံတူဖွင့်ကာ နောက်တစ်ကြိမ် ပို့စ်ထပ်တင်လိုက်တယ်။

[ ဝမ်ရှိုးယွမ်က စီးပွားရေး မလုပ်နိုင်ဘူးဆိုတာ ဘယ်သူ‌ပြောလဲ မသိဘူး။ ပြီးတော့ ဝမ်ရှိုးယွမ်က ရွှီးရုန်ယိထက်တောင် ဆိုးတယ်လို့ ‌ပြောသေးတယ်။သူလူတွေကို တုံးတုံးအအနဲ့ ရယ်အောင်လုပ်ဖို့တော့ လုံလောက်တယ်။ အဲ့ဒီ ဘုတ်အဖွဲ့ဝင်တွေက Xနိုင်ငံမှာ ‌ခြေကုတ်ယူနိုင်တာနဲ့ပဲ ကမ္ဘာကို လွှမ်းမိုးဖို့ လုံလောက်ပြီလို့များ ထင်နေလား။]

[အကြောင်းအရာ ပိုင်ရှင်, ကျေးဇူးပြုပြီးတခြားသူတွေကို သရော်မနေပဲ။ လော့ဂျစ်တွေနဲ့ အချက်အလက်တွေ မင်းမှာရှိရင် သုံးပါဦး~]

[မူလပို့စ်ပိုင်ရှင်က သူသိတဲ့ ဘယ်အရာတွေကို မျှဝေမယ်ဆိုတာကို ထိုင်စောင့်နေမယ်နော်။ ဒါ‌ပေမယ့် မတော်တဆ မင်းမျက်နာကိုယ်မင်း မရိုက်မိဘူးဆိုတာတော့ သေချာမြှဖစ်မယ်‌နော်။]

[ဝမ်ရှိုးယွမ်က စီးပွားရေးမလုပ်နိုင်ဘူးလို့‌ပြောနေတဲ့သူတွေ လွန်ခဲ့တဲ့ နှစ်နှစ်က Mနိုင်ငံရဲ့ စီးပွားရေး အသိုင်းအဝိုင်းကို အာရုံမစိုက်မိတာ ဖြစ်ရမယ်။

အိုး ငါမေ့နေတယ်။ ဝမ်ရှိယွမ်က ရွှီးအုပ်စုကို ဖျက်ဆီးလိမ့်မယ်လို့ ပို့စ်တင်ဖို့ အချိန်ရှိနေတဲ့သူတွေက M နိုင်ငံရဲ့ စီးပွားရေး အသိုင်းအဝိုင်းမှာ သောက်ကျိုးနည်း ဘာတြွေဖစ်နေတယ်ဆိုတာ သေချာပေါက် သိတောင်သိလောက်မှာ မဟုတ်ဘူး။

မော့အန်း အုပ်စုက လွန်ခဲ့တဲ့ နှစ်နှစ်က Mနိုင်ငံရဲ့ စီးပွားရေး အသိုင်းအဝိုင်းမှာ ရုတ်တရတ်ကြီး မြင့်တက်လာတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီးတော့ ဒါရဲ့ ဥက္ကဌက စီးပွားရေးသမား ညာဏ်ကြီးရှင်အဖြစ် ချီးကျူးထိုက်တဲ့ အရေးပါတဲ့သူတစ်ယောက်တောင် ဖြစ်သေးတယ်။ ကုမ္ပဏီက လွန်ခဲ့တဲ့ တစ်နှစ်က စတော့စ်ရှယ်ယာဈေးကွက်မှာ စာရင်းဝင်ထားပြီး အကြီးအကျယ် ရင်းနှီးမြှပ်နှံချင်ကြတယ့် ကုမ္ပဏီလည်း ဖြစ်တယ်။ အခုချိန်မှာ ဒါရဲ့ ထုတ်ကုန်တွေက ကမ္ဘာတစ်ဝှမ်းလုံးကနေ ကမ်းလှမ်းခံနေရတယ်။ ဒါပေမယ့် မင်းတို့ကောင်တွေတော့ သူတို့ ဝယ်နိုင်မှာ မဟုတ်ဘူး~~~။

ငါ့အမြှီးကိုဘယ်သူထိသွားတာလဲကွ? (Arc 2 to Final Arc)Where stories live. Discover now