Chapter «1» [Arc-4]

1.9K 222 2
                                    

Chapter «1»
(ဘယ်သူ ဘုရင်ဖြစ်ဖြစ် ငါကတော့ ဘုရင်မဖြစ်ကို ဖြစ်ရမယ်။)

သူ့ကို ‌မွေးဖွားတဲ့ အချိန်မှာ ကောင်းကင်က နေရောင်ခြည်နဲ့ အပြည့်‌တောက်ပ‌နေခဲ့ပြီး ပန်းတွေက သူ့အတွက် ပွင့်လာခဲ့ကာ ငှက်တွေကတောင် သူ့အတွက်တေးဆိုပေးခဲ့တယ်။

အင်ပါယာရဲ့ အမတ်ချုပ်ကြီး‌တွေက သူ့ကို ပွေ့ဖက်ခဲ့ကာ အလှပဆုံး ဓမ္မတေးနဲ့ သီဆို ဂုဏ်ပြုခဲ့ပြီး အင်ပါယာရဲ့ ပုရောဟိဏ်ကလည်း သူအတွက် နစ်ခြင်းမင်္ဂလာပြုကာ သူအတွက် သူ့ရဲ့ကံကြမ္မာကို ပေးဆောင်ပေးခဲ့ပြီး ကြယ်တွေကတောင် သူ့အတွက် တလက်လက်တောက်ပခဲ့သေးတယ်။

ယစ်ပူဇော်ခြင်းဆိုင်ရာ အနာဂတ္ထိကျမ်းတွင် သူက အင်ပါယာရဲ့ ဧကရီဖြစ်တယ်။

သူက အင်ပါယာရဲ့ နောက်ဆုံး မင်းသမီးဖြစ်တယ်။

သူက အက်ရှ်လေဂျုန်း ရိုင်း။

ကံဆိုးစွာနဲ့ သူက ဇာတ်လိုက်မဟုတ်တာကြောင့် အဆုံးမှာ သနားစရာကောင်းစွာ ‌သေဆုံးခဲ့ရတယ်။

ရွှယ့်လင် နိုးလာတဲ့ အချိန်မှာ သူက ကြီးမားလှတဲ့ နှစ်ဆအိပ်ယာပေါ်မှာ လှဲလျောင်းနေတာဖြစ်ပြီး အိမ်ယာကိုလည်း ပန်းရောင်အလွှာနဲ့ လွှမ်းခြုံထားတာကြောင့် အပြင်အဆင်ကို တစ်ချက်ကြည့်တာနဲ့ ဒါက သတို့သမီးအခန်းအတွက်ပြင်ဆင်ပေးထားတယ်ဆိုတာ ခန့်မှန်းနိုင်တယ်။

ဒါပေမယ့် သူ့ဘေးက နေရာလွတ်က မထိတွေ့ထားရသေးပဲ သူ့ဘေးမှာ ဘယ်သူမှ မလှဲလျောင်းရသေးဘူးဆိုတာ ရှင်းတယ်။

ဒါက ရွှယ့်လင်ကို ပြဿနာ နဲနဲ သက်သာသွားတာပေါ့။ လူတစ်‌ယောက်သာ အဲ့မှာရှိနေရင် သူအဲ့လူကို တစ်ခါတည်း သတ်ပစ်မိလောက်မှာ။

ရွှယ့်လင် အိမ်ယာပေါ်မှာ လှိမ့်နေပြီး ထဖို့ ရည်ရွယ်ချက်မရှိပေ။ သူအခန်းထဲမှာ ဘယ်သူမှမရှိဘူးဆိုတာ သေချာအောင် လှည့်ပတ်ကြည့်ပြီး Systemကို ခေါ်ထုတ်ပြီး ဒီကမ္ဘာရဲ့ ဇာတ်ကြောင်းကို ပို့ခိုင်းလိုက်တယ်။

အမ်း...ဒီကမ္ကာ တော်တော်လေး ထူးခြားတယ်လို့ System‌ပြောခဲ့တာ အံ့သြစရာမဟုတ်ပါဘူး။ ဒါက အစကတည်းက ညစ်ညမ်းအရေးအသား‌ရေးဖို့ ဖန်တီးထားတဲ့ လိင်‌ခြောက်မျိုးရှိတဲ့ ဒဏ္ဍာရီ ABOကမ္ဘာဖြစ်တယ်။ ရွှယ့်လင် ဒီကမ္ဘာရဲ့နိဒါန်းကို အကျဉ်းချုပ်ကြည့်လိုက်ပြီး ဒါကို ကြယ်တာရာ ABOဇာတ်လမ်း တစ်ပုဒ်အနေတဲ့ အမျိုးအစားခွဲနိုင်ပြီး အင်ပါယာက Allianceတွေနဲ့ ရန်သူဖြစ်ပြီး အဲ့ဒီမှာ Zergလည်း ရှိသေးတယ်။

ငါ့အမြှီးကိုဘယ်သူထိသွားတာလဲကွ? (Arc 2 to Final Arc)Where stories live. Discover now