Chapter «10»

1.3K 206 0
                                    

Chapter «10»
[ ဒီအထောက်အထားကို ညီငယ်လေးအဖြစ်ပဲ ထားကြတာပေါ့ (အခုလတ်တ‌လော အတွက်ပေါ့)]

ပိုင်ယွီရဲ့ ရုပ်ရှင်က "Bamboo Horse"လို့ နာမည်ရတယ်။ အဲ့ဒီနာမည်က ရုပ်ရှင်ရဲ့ အကြောင်းအရာတွေနဲ့ သိပ်တော့ မကိုက်ညီတဲ့ပုံပေါ်တယ်။ ရုပ်ရှင်က စိစဉ်ထားတဲ့အတိုင်း ပြီးဆုံးသွားပြီး စီစစ်‌ရေး ဘုတ်အဖွဲ့ဝင်တွေကို ကျော်ဖြတ်ပြီး‌တဲ့နောက်တော့ နိုင်ငံခြား ရုပ်ရှင်ပွဲတော်ကို ဝင်သွားတယ်။ သူတို့က တရုတ်နိုင်ငံမှာ ရုံတင်ပြသဖို့ မစီစဉ်မီ ရုပ်ရှင်က ဆုအတွက် ဆန်ကာတင်စာရင်းဝင်တယ်ဆိုတဲ့ သတင်းရသည်အထိ စောင့်ခဲ့တယ်။

(Bamboo horse竹马 - ကလေးကစားစရာ အရုပ်တစ်‌ရုပ်ဖြစ်တယ်။ အစွန်းတစ်ဖက်မှာ မြင်းခေါင်းနဲ့ နောက်အစွန်းမှာ ဘီးတွေရှိတယ်။ ဒါက ကလေးဘဝမှာ ကစားကြလေ့ရှိတာကြောင့် စာပေ ဖန်တီးသူ အများစုက bamboo horse ကို ကလေးဘဝကို ပြန်လည် တမ်းတတဲ့ သင်္ကေတအဖြစ်သုံးကြတယ်။)

အဲ့ဒီ့‌နောက်ပိုင်း‌တော့ ရုပ်ရှင်က လူသိများလာတော့တယ်။

ဒါရိုက်တာကလည်း အမည်မသိဖြစ်နေပြီး ပူပူနွေးနွေး ကျော်ကြားတဲ့ စွန်းကျားနန်ကလွဲရင် နာမည်ကြီး သရုပ်ဆောင် မရှိတာကြောင့် သူတို့က ပရိုမိုးရှင်းအတွက် အများကြီး မသုံးစွဲပဲနဲ့ ရုပ်ရုင်ရဲ့ တည်ရှိမှုကို လူတိုင်းသိတာ သေချာဖို့အတွက်ပဲ အွန်လိုင်းမှာ အဓိကထားတင်လိုက်တယ်။

အဲ့ဒီအချိန်မှာ ရွှယ့်လင်ရဲ့ web seriesက စတင်ထုတ်လွှင့်နေပြီးဖြစ်ပြီး အပိုင်းနှစ်ပိုင်းတောင် ထုတ်လွှင့်ပြီးပြီဖြစ်တယ်။ view နဲ့ rating နှစ်ခုလုံးက မြင့်တက်နေပြီး ရွှယ့်လင်ကလည်း သူရဲ့ သရုပ်ဆောင်မှုကြောင့် လူအများအပြားရဲ့ အာရုံစိုက်မှုကိုလည်း ဆွဲဆောင်ပြီးနေပြီဖြစ်တယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့ ဖန်အများစုက စီးရီးကြည့်ကတြဲ့သူတြွေဖစ်တယ်။ အခြားထက် ပရိုဂရမ်မှာ အတိုချုံးပြီး ဖော်ပြထားတာက လွဲရင် သူ့ရဲ့ အချက်အလက်တွေကို ဂရုတစိုက်နဲ့ ရှာဖွေတဲ့သူတွေက အလွန်နည်းတယ်။

ဒါပေမယ့် ပရိုမိုးရှင်းက စစချင်းပဲ လူအများအပြားက သူ့အဲ့ဒီ့ ပရိုဂရမ်မှာ ဧည့်သည်အဖြစ်ပါတာကို သတိထားမိသွားကြတယ်။

ငါ့အမြှီးကိုဘယ်သူထိသွားတာလဲကွ? (Arc 2 to Final Arc)Where stories live. Discover now