Chapter «8»

1.4K 205 4
                                    

Chapter «8»
(နည်းနည်‌လောက် အသက်ချင်ဖို့ ဆုံးဖြတ်ချက် ချလိုက်တယ်။)

ဇာတ်ညွှန်းက ကျောင်းသားဘဝကို ဗဟိုပြုထားတာဖြစ်တယ်။ တရုတ်နိုင်ငံမှာ လတ်တလောအချိန်မှာ ဒီလိုရုပ်ရှင်မျိုး လွှမ်းမိုးနေတာဖြစ်ပေမယ့် အများစုက အရည်အသွေးနိမ့်ကျတယ်။ ဒီဇာတ်ညွှန်းက ကွက်တိနဲ့ ရှင်းရှင်းလင်းလင်းကို ခေတ်ရေစီးကြောင်းကို လိုက်နေတာဟု ပြောနိုင်တယ်။ ဒါက ငယ်ရွယ်တဲ့ puppy love ဒါမှမဟုတ် တခြားဒီလို ရှုပ်ထွေးတဲ့ ခေါင်းစဉ်မျိုးမဟုတ်ပေမယ့် ရိုးစင်းပြီး ဝမ်းနည်းစရာကောင်းတဲ့ သူငယ်ချင်းသံယောဇဉ်နဲ့ ပတ်သတ်တဲ့ ရိုးသားမှု ရုပ်ရှင်တစ်ခုသာဖြစ်တယ်။

အဓိကဇာတ်လိုက်နှစ်ယောက်က မိသားစုနောက်ခံ မတူညီကြပေမယ့် သူတို့က မတော်တဆ ကျောင်းမှာ စားပွဲခုံတစ်ခုတည်းကို ဝေမျှဖို့ ဖြစ်လာတယ်။ ဇာတ်ညွှန်းက သူတို့နှစ်ယောက် ကြီးပြင်းလာတဲ့ ဇာတ်လမ်းကို ပြောထားတာဖြစ်ပြီး သူတို့ ငယ်ရွယ်စဉ်က ကမောက်ကမတွေနဲ့ သူတို့ရဲ့ သုံးနှစ်တာ အပြစ်ကင်းစင်မှုနဲ့ သူတို့ရဲ့ စစ်မှန်တဲ့ သူငယ်ချင်းသံယောဇဉ်ဖြစ်တယ်။ သူတို့ ကျောင်းပြီးနောက် ကွဲကွားသွားကြပြီး တစ်ယောက်က နိုင်ငံခြားကို ပညာသင်သွားကာ တစ်ခြားတစ်ယောက်က တက္ကသိုလ် ဝင်ခွင့်စာမေးပွဲကို ဖြေဆိုပြီးနောက် နာမည်ကြီး တက္ကသိုလ်တစ်ခုကို ဝင်ရောက်သွားတယ်။ ဒါပေမယ့် လေးနှစ်ကြာပြီး‌နောက် သူတို့ ပြန်တွေ့တဲ့ အခါမှာတော့ သူတို့က လုံးဝကို ကွာခြားသွားကြတော့တယ်။

သူတို့ငယ်ရွယ်စဉ် ဒီအကောင်းဆုံးနှစ်တွေအတွင်း အတူ ဖြတ်သန်းခဲ့တဲ့ သူတို့အတူ အမြဲတမ်းရှိခဲ့တဲ့၊ အတူတူစာသင်ခဲ့တဲ့၊ ရယ်မော ရန်ဖြစ်ခဲ့တဲ့ အရာအားလုံးမှာ သူငယ်ချင်းသံယောဇဉ်ကို ကျော်လွန်ပြီး မပြောသင့်မပြောအပ်တဲ့ **အချစ်ထိရောက်လုနီးပါးဖြစ်ခဲ့တဲ့ လူက ဘဝရဲ့ လေးနှစ်တာနောက်မှာတော့ အားလုံးက အသိအမှတ်မပြုနိုင်လောက်အောင် ပြောင်းလဲသွားတော့တယ်။

မူလက သူတို့မှာရှိခဲ့တဲ့ ရင်းနှီးမှု အတိုင်းအတာက နောက်ဆုံးတော့ အဆုံးသတ်က သူတို့ရဲ့ ကွာဝေးမှု အတိုင်းအတာဖြစ်သွားတော့တယ်။ လေးနှစ်ပဲ ရှိသေးပေမယ့် သူတို့နောက်ဆုံးမှာတော့ အရင်းနှီးဆုံး သူစိမ်းတြွေဖစ်လာတော့တယ်။

ငါ့အမြှီးကိုဘယ်သူထိသွားတာလဲကွ? (Arc 2 to Final Arc)Where stories live. Discover now