Chapter «11»

1.1K 200 1
                                    

Chapter <<11>>

( ကျွန်တော့် အချစ်ရေ ကျွန်တော့် ' ယောကျာ်း' ပြန်လာတော့မယ်။)

ရွှယ့်လင် ထိုလူကြီးကို အရာအားလုံးကို ကိုင်တွယ်ခွင့်ပြုထားပေမယ့် ရွှယ့်လင်က သူ့ကို စင်မြင့်ပေါ်မှာ ရပ်တာကို တားမြစ်ထားတော့ သူကိုယ်သူ ပြသဖို့လိုတဲ့ အခြေအနေအချို့တော့ ရှိသေးတယ်။

မြို့တော်ကြယ်တစ်ခုလုံးကလူတွေ ဩဂတ်စ်တင်ရဲ့ တည်ရှိမှုကိုသိကြပေမယ့် သူက ရွှယ့်လင်ကို ဘယ်လို ဆက်ဆံမလဲ မသိကြတော့ သူ့ပြန်လာကတည်းက မင်းသမီးရဲ့ သတင်းကို စိုးရိမ်စွာနဲ့ စောင့်မျှော်နေကြတာဖြစ်တယ်။

မင်းသမီးက သူတို့ကို စောင့်ရအောင် မလုပ်ပါဘူး။ အဲ့ဒီ့ညနေခင်းမှာပဲ မြင်ကွင်းအစစ်နီးပါးတူတဲ့ ရိုက်ကူးမှုတစ်ခုက တော်ဝင်မိသားစုရဲ့ တရားဝင် စာမျက်နှာမှာပေါ်လာပြီး တော်ဝင်မိသားစုရဲ့ သတင်းတွေကို အထူးသတိပြုလေ့ရှိတဲ့သူတွေကို ဆွဲဆောင်သွားတယ်။

ရိုက်ကူးမှုက လူငယ်လေးက နောက်တစ်ကြိမ် အတော်ကြီးပြင်းလာပုံပေါ်လာပေမယ့် အဲ့ဒီ့ အေးစက်ပြီး‌ တော်ဝင်ဆန်တဲ့ အသွင်အပြင်ကတော့ လုံးဝကို မပြောင်းလဲသွားပေ။

အင်ပါယာရဲ့ စစ်ယူနီဖောင်းကို ဝတ်ဆင်ထားပြီး တန်းတန်းမတ်မတ် မတ်တပ်ရပ်နေပြီး သု့အစီအရင်ခံမှုကို စတင်တော့တယ်။

သူ့ရှေ့တန်း ခရီးစဉ်တစ်လျောက်ဖြစ်ပွားခဲ့တဲ့ အရာအားလုံးကို ဖြေးဖြေးချင်း အစီရင်ခံလိုက်တယ်။ သူတို့ ဘယ်နှစ်ကြိမ်လောက် zergတွေကိုတိုက်ခိုက်ခဲ့ရတယ် ပြီးတော့ Zergတွေဘယ်လောက်ကို သတ်ဖြတ်ခဲ့တယ်။ သူရှေ့တန်းရဲ့ အ‌ခြေအနေကို အ‌ခြေခံ ‌ရှင်းပြချက်လောက်ပဲပေးခဲ့ပြီး zergတိုက်ခိုက်မှုက တ‌ဖြေး‌ဖြေးချင်း အားနည်းလာတာတွေ အစရှိသဖြင့်ပေါ့။

သူ့အသံက အလွန် သာယာနာပျော်ဖွယ်ကောင်းပြီး သူပြောလိုက်တဲ့အခါတိုင်း သူအလွန်တိုရင်းတိုရှင်းနဲ့ အရေးကြီးအချက်အလက်တွေကို ဖုံးကွယ် ပြောကြားသွားတာကြောင့် ဒီစစ်အစီရင်ခံစာကို နား‌ထောင်နေတဲ့လူတွေ ပျင်းစရာကောင်းတယ်လို့မထင်တဲ့အပုင် စိတ်လှုပ်ရှားမှု အမျိုးမျိုးကိုတောင် ခံစားခဲ့ရသေးတယ်။ သူတို့က မင်းသမီးပြောတာတွေရဲ့ နောက်ကွယ်က အဓိပ္ပာယ်အစစ်တွေကို နားမလည်ပေမယ့် မင်းသမီးရဲ့ မျက်နှာကို ကြည့်နေရတာကိုက သားရည်ယိုစေတာကြောင့် သူတို့က ဒီစကားတွေကို ဂီတသံနားထောင်နေသလိုပဲ နားထောင်နေမိတယ်။ ဘာပဲဖြစ်ဖြစ် အရှင်မင်းသမီးရဲ့  အသံက အရမ်း သာယာနာပျော်ဖွယ်ကောင်းတယ်။

ငါ့အမြှီးကိုဘယ်သူထိသွားတာလဲကွ? (Arc 2 to Final Arc)Where stories live. Discover now