Chapter «2»

1.6K 235 2
                                    

Chapter«2»
(ဒီ‌ရွှေပေါင်ကြီး ကြည့်ရတာ နည်းနည်းတော့
မဟုတ်သလိုပဲ။)

အိမ်တော်ထိန်းကို ကြိုတင်၍ အကြောင်းကြားလိုက်တာကြောင့် သူလေဆိပ်ပေါက်ဝရောက်တဲ့အချိန်မှာ ပိုင်မိသားစုရဲ့ ကားကစောင့်နေပြီဖြစ်တယ်။ ရွှယ့်လင် ခရီးဆောင်အိတ်ကို ဒရိုင်ဘာဆီလွှဲလိုက်ကာ ကားထဲမှာ ထိုင်ပြီး တော်တော်လေး ပျင်းပျင်းရိရိနဲ့ သူ့လည်ပင်းကို ဆန့်လိုက်တယ်။

သူ့အတွက် သတင်းကောင်းကတော့ ပိုင်ယွီနဲ့ ဘယ်တုန်းကမှ တကယ့်‌တွေ့ဆုံမှု မရှိခဲ့ကြတာကြောင့် သူ့ရဲ့ ပင်ကိုစရိုက်ကို ဟန်ဆောင်နေစရာမလိုဘူး။ ဟိုးကတည်းက သူ့ကို ချစ်ခဲ့တဲ့ ငါးဆားနူ gongတောင်မှ သူတို့ငယ်ငယ်တုန်းက အထက်တန်းကျောင်း အတူတူတက်ခဲ့တဲ့ အချိန်တုန်းက တစ်ယောက်နဲ့သာ တုန့်ပြန်ခဲ့တာဖြစ်တယ်။ အကောင်းဆုံးက သူက တစ်ဖက်လူရဲ့ ငယ်ချစ်ဦး အချစ်လေးဖြစ်ပြီး အခုချိန်မှာတော့ သူငယ်ချင်းအဖြစ်သာ ဖော်ပြနိုင်တယ်။

ပိုင်ယွီရဲ့ မှတ်ဉာဏ်တွေ အရတော့ သူနဲ့ လင်ယိက ရိုးရိုးသူငယ်ချင်တွေသာဖြစ်ပြီး သူငယ်ချင်းကောင်းလို့တောင် မခေါ်နိုင်ပေ။ ဘာလို့ လင်ယိက သူ့ကို အရမ်း စွဲလမ်းနေပြီး အစားထိုးရှာရလောက်အောင်ထိ ဖြစ်နေလဲဆိုတာတော့ မသိပေ။ မူလပိုင်ရှင်က လင်ယိကို ဟိုလိုလို ဒီလိုလိုဖြစ်စေတဲ့ ရည်ရွယ်ချက်တွေနဲ့ ပရောပရည်လုပ်တဲ့ အပြုအမှုတွေ တစ်ခါမှ မလုပ်ခဲ့ကြောင်း ပြောလို့ရတယ်။သူတို့ နှစ်ယောက်ကြားက ဆက်ဆံ‌ရေးက အရမ်းကို ပုံမှန်ဖြစ်ပြီး တခြားထက် သူ့ရဲ့ ရုပ်ရှင်မှာ လာရောက် ရင်းနှီးမြှပ်နှံတာကလွဲရင် လင်ယိက ပိုင်ယွီရဲ့ရှေ့မှာ မူမမှန်တာ ဘာမှ မလုပ်ခဲ့ပေ။

ူဒါကို မထုတ်ဖော်နိုင်မှတော့ မေ့လိုက်တော့။ ရွှယ့်လင်ရဲ့ တာဝန်က ဇာတ်လိုက်ရဲ့ ကံကို ပြောင်းလဲပြီး သူတို့အပေါ်မှာ ဂုဏ်သိက္ခာကျဆင်းပြီး ပျက်ဆီးတာ သေချာစေဖို့ဖြစ်တယ်။ ပိုင်ယွီရဲ့ ခပ်‌ကြောင်ကြောင် ဦးနှောက်ထဲမှာ ဘဘာတြွေဖစ်နေတာလဲဆိုတာက ကိစ္စမရှိဘူး။

Systemက သူ့ရဲ့ ဘာခံစားချက်ကိုမှ မပြပဲ ရွှယ့်လင်ရဲ့ ပေါင်ပေါ်မှာ ထိုင်နေပြီး သူဘာတွေတွေးနေမှန်း ဘယ်သူမှ မသိပေ။သူတစ်ခုခုကို ပြောချင်နေပြီး တုံ့ဆိုင်းနေပုံပေါ်နေပေမယ့် ရွှယ့်လင်ကတော့ ပြတင်းပေါက်က‌နေ အပြင်ကိုပဲ ကြည့်နေတာ‌ကြောင့် systemက နောက်ဆုံးမှာတော့ ပါးစပ်ပဲ ပိတ်ထားလိုက်ရတော့တယ်။

ငါ့အမြှီးကိုဘယ်သူထိသွားတာလဲကွ? (Arc 2 to Final Arc)Where stories live. Discover now