Chapter «14»

495 82 0
                                    

Chapter « 14 »
သိနိုင်တဲ့ အန္တရာယ်တွေက အနာတ်မှာ သူမကို စောင့်မျှော်နေတယ်

မင်းသား ဒီအတောအတွင်း အသံတိတ်နေပြီး ဧကရာဇ်ရဲ့ ခန္ဓာကိုယ်ပိုသက်သာလာလေလေ အုံ့မှိုင်းလာလေလေဖြစ်နေတော့တယ်။  ပိုင်ချန်းယန်လည်း နေ့တိုင်း သူ့ကိစ္စတွေလုပ်ပေးရင်း အလုပ်များနေတာဖြစ်တယ်။ ပြီးတော့ သူ့ရွှယ့်လင်ကို တွေ့ချိန်ရလို့တွေ့တိုင်းလည်း သူ့ကို အမြဲတမ်း ညီးညူတိုင်တန်းလေ့ရှိတယ်။

မင်းသားက မူလဇာတ်ကြောင်းမှာ စောစောနန်းတက်ခဲ့ပြီး ပိုင်ချန်ယန်ကလည်း မင်းသမီးနဲ့ ဆက်ဆံရေးတစ်ခုရှိခဲ့တယ်။ မင်းသားကလည်း သူ့ကို ဘာမှမလုပ်ခဲ့တာကြောင့် ပိုင်ချန်းယန်က မင်းသားရဲ့ မျက်နှာအစစ်ကို ဘယ်တုန်းကမှ မမြင်ခဲ့ဘူး။ ဒါ့အပြင် လူတစ်ယောက်တည်းကိုပဲ သဘောကျခဲ့မိတာမို့ မင်းသားအပေါ်အပြစ်မကင်းစိတ်ကြောင့် ပိုပြီး လုံ့လဝီရိယရှိရှိနဲ့ အလုပ်ကြိုးစားခဲ့တယ်။

ဒါပေမယ့် ဒီဘဝမှာဆော့ သူတို့ကြား ပေါင်းကူးတံတားအဖြစ် ဘယ်မိန်းမမှလည်းမရှိ မင်းသားကလည်း ဒေါသပိုကြီးလာပြီး တိုက်ရိုက်သားကောင်ဖြစ်သွားသူမှာ သူနဲ့အတူကြီးပြင်းလာပြီး သူဘက်သား ပိုင်ချန်းယန်ဖြစ်သွားတော့တယ်။ မင်းသားက ဒေါသအိုးတစ်ယောက်ဖြစ်ပြီး မှားယွင်းသွားစေနိုင်တဲ့ အလျင်စလို ဆုံးဖြတ်ချက်တွေကိုလည်း မကြာခဏလုပ်‌တော့တယ်။ ပြဿနာတွေဖြစ်လာတော့လည်း သူအမှားကို ဝန်ခံမယ့်သူမဟုတ်တော့ ဆူပူခံရသူက ပိုင်ချန်းယန်ဖြစ်သွားရော။

ပိုင်ချန်းယန် ရွှယ့်လင်ဆီလာတဲ့အချိန်တိုင်း ခါးခါးသီးသီးနဲ့ ညီးညူပြီး ရွှယ့်လင်က သူ့အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်လာတယ်။

ရွှယ့်လင် ဘာလှုပ်ရှားမှုက မလုပ်ပေမယ့် နောက်တစ်ကြိမ် သူရဲ့ ညီးညူမှု စာရင်းဟစုဗူးကြီးကို ဖွင့်ပြပြီးတော့ သူပါးစပ်ဖွင့်မေးမြန်တော့တယ်။ "သူက ဉာဏ်အမျှော်အမြင်မရှိတဲ့ အုပ်စိုးသူဖြစ်နေတာကို ဘာလို့ခင်ဗျားကို အသုံးချခွင့်ပြုနေရတာလဲ။"

ငါ့အမြှီးကိုဘယ်သူထိသွားတာလဲကွ? (Arc 2 to Final Arc)Where stories live. Discover now