Chapter«13»

1.4K 234 0
                                    

Chapter «13»

(မင်းအခိုင်အမာ ‌ပြောတဲ့ ဝမ်ရှိုးယွမ်က စီးပွား‌ရေး လုပ်ငန်းတစ်ခုကို မစီမံခန့်ခွဲနိုင်ဘူးဆိုတဲ့ အကြောင်းကို ငါတို့ ‌ဆွေးနွေးကြရအောင်။)

ရွှယ့်လင်ရဲ့ တန်ပြန်တိုက်စစ်က လှလှပပလေး ပြီးသွားတယ်။သူကရိုးရိုး‌လေး ပိုင်လုကျီရဲ့ မိုက်ခရိုဘလော့ခ်ကို မေးခွန်းတစ်ခု ပြန်ပေးလိုက်တယ်။ "ဝမ်မိသားစုရဲ့ ခမ်းနားတဲ့ စံအိမ်ကြီးမှာ နှစ်နှစ်လုံးနေ‌နေရတာ သက်တောင့်သက်တာ ရှိရဲ့လား။"ကို ပြုံးနေတဲ့ မျက်နာ အီမိုဂျီလေးနဲ့ ပြင်ဆင်ထားပြီး သူရဲ့ ကစားဖို့ ကတ်တွေ ရှိ‌သေးတယ်ဆိုတာ ထင်ရှားတယ်။

Netizenတွေက ကွန်မန့် မန့်ကြတယ်။' ဝမ်ညီလေးရဲ့ အပြုံးက အရမ်းကို မရိုးသားတာပဲနော်။ ကြည့်ရတာတော့ ဒီနေ့ည အိပ်ပျက်ကြဖြစ်မယ်ပုံပဲ။ အာရုံတက်အထိ ပါတီပွဲလေး လုပ်ကြစို့!။ '

ထို့နောက် ဆယ့်တစ်နာရီမှာ ရွှယ့်လင်က တစ်ကယ်ပဲ ဗီဒီယိုတစ်ခုကို အင်တာနက်ပေါ်တင်လာခဲ့တယ်။clip‌လေးက စောင့်ကြည့် ကင်မရာတစ်ခုကနေ ယူထားတဲ့ပုံပေါ်တယ်။ပုံရိပ်‌တွေက သိပ်မရှင်းပေမယ့် လူတွေကိုတော့ ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး ဒါက ဆေးရုံအဆောင်တစ်‌ဆောင်ဖြစ်တယ်။

[ ဝမ်ရှိုးယွမ် (v): ကောင်းကင်ဘုံက မင်းရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေတယ်။ မင်းမှတ်တမ်းကို ဖျက်ပစ်ထားရင် ငါကဘာကိုမှ မရှာနိုင်တော့ဘူးလို့ ထင်နေတာလား ဟ~ ဟ~ပဲ။ <ရွှီးရုန်ယိ ခိုးကြောင်ခိုးဝှက်နဲ့ ကလေးတွေးကို လဲနေတဲ့ ဗီဒီယို။>]

ဗီဒီယို ကလစ်က ရွှီးရုန်ယိရဲ့ နို့စို့အရွယ်ကလေးတွေကို လဲနေတဲ့ ဖြစ်စဉ်တစ်ခုလုံးကို ထင်ရှားအောင် တည်းဖြတ်ထားတယ်။ အဲဒီမှာ ဝမ်ရှိုးထန် သီးသန့်ခန်းကို ဝင်တဲ့အခါနဲ့ ပိုင်လုကျီ ဝင်တဲ့အခါ မှတ်တမ်းရေးရတဲ့ ‌စာတန်းနဲ့ ဆေးရုံရဲ့ check-in ဖောင်၊ ဆေးရုံ ဆေးဝါး မှတ်တမ်း‌တွေ‌ရောအဲ့မှာရှိတဲ့ အရာအားလုံးက ရှင်းရှင်းလင်းလင်းကို ခင်းကျင်းပြသခံလိုက်ရတော့တယ်။ရွှီးရုန်ယိက ရည်ရွယ်ချက်ရှိရှိ သူတို့‌နေထိုင်တဲ့ အခန်း‌တွေကို အရမ်းနီးနီးလေးမှာ နေရာချထားတယ်။ ပိုင်လုကျီ မွေးဖွားပြီးတော့ ဝမ်ရှိုးထန်က မွေးဖွားတယ်။ ဝမ်ရှိုးထန်ကလေးမွေးဖွားပြီး ပင်ပင်ပန်းပန်းနဲ့ အိပ်ပျော်သွားပြီးတဲ့နောက် ရွှီးရုန်ယိက သူနာပြုကို နှင်လိုက်ပြီး အခန်းနှစ်ခန်းထဲက ကလေးတွေကို လဲလိုက်ကာ သူတို့ရဲ့ ကိုယ်စားပြု ချိတ်ဆွဲထားတဲ့ ကတ်ပြားတွေပါ လဲလိုက်တယ်။  

ငါ့အမြှီးကိုဘယ်သူထိသွားတာလဲကွ? (Arc 2 to Final Arc)Where stories live. Discover now