Chapter «5»

1.5K 211 13
                                    

Chapter «5»
( Hostရေ၊ ‌ကျေးဇူးပြုပြီး အရှက်လေး ဘာလေး ရှိပါဦးလား။)

အခုက သန်း‌ခေါင်ယံအချိန်တောင်ရှိနေပြီ ဖြစ်ပြီး ပိုင်ဟောင်,သူဘာလို့ နိုင်ငံရပ်ခြားကနေ အိမ်ပြန်ရောက်ရုံရှိသေးပေမယ့် နောက်နေ့မှာပဲ ပါတီတက်ဖို့ သွားတုန်းပဲ ဖြစ်တဲ့ သူ့ညီငယ်လေးကို ဒရိုင်ဘာနဲ့အတူ သွားကြိုဖို့ အိမ်တော်ထိန်းကို စီစဉ်ခိုင်းမိမှန်း သူ့ကိုယ်သူတောင် ရှင်းရှင်းလင်းလင်း နားမလည်တော့ဘူး။

သူအိမ်ပြန်ရောက်ပြီး သူ့ညီလေးကို မတွေ့မိဘဲ သူသိလိုက်‌တော့ သူစိတ်ဆိုးသွားတယ်။ တစ်ဖက်လူက အဲ့ဒီ ငကြောင်အုပ်စုနဲ့ ပါတီပွဲကို သွားတယ်ဆိုတာ သူသိလိုက်ရတော့ ပိုပြီးတောင် ဒေါသထွက်လာတယ်။ သူကိုယ်သူ ‌ဒေါသထွက်လွန်းပြီး အိပ်မပျော်နိုင်တာကနေ တားဖို့အတွက် သူက ပြတ်ပြတ်သားသားပဲ ဘားကို သွားလိုက်ပြီး စိတ်ညစ်ပတ်တဲ့ လူတွေဆီကနေ သူ့ညီလေးကို သွားခေါ်ခဲ့လိုက်တော့တယ်။

ဘာလို့ သခင်လေးပိုင်က လင်ယိစိတ်က ညစ်ပတ်တယ်ဆိုတာကို့ မြင်နိုင်တာလဲဆိုတာကို လာမမေးနဲ့။ သူ့စိတ်ထဲမှာတော့ သူ့ညီလေးက လွဲရင် ဘားမှာရှိတဲ့ လူတိုင်းက ညစ်ပတ်တဲ့လူတွေချည်းပဲ။ ပြီးတော့ သူ့ညီလေးကို ချဉ်းကပ်ချင်တဲ့ မှန်သမျှကလည်း ငကြောင်ကောင်တွေပဲဖြစ်တယ်။

ပိုင်ယွီက ကားပေါ်တက်တက်ချင်း အိပ်ပျော်သွားတာဖြစ်ပြီး ပိုင်ဟောင်ကလည်း သူဘာလို့ ဒေါသထွက်နေလဲဆိုတာကို အ‌ဖြေရှာမနေတော့ဘူး။ ပြီးတော့ သူကအရက်မူးနေတဲ့ သူအပေါ်မှာ ဒေါသ ပြေသွားတာတော့ မဟုတ်ဘူး။ သူစိတ်ကို ချုပ်တည်းထားလေ သူ့အရှိန်အဝါတွေက ဖိနှိပ်လာ‌လေလေပဲ။ ဒရိုင်ဘာက လမ်းတစ်လျောက်လုံး ချွေးထွက်နေတာဖြစ်ပြီး သခင်ငယ်လေး အတွက်လည်း သနားမိတယ်။ သူက ပြန်လာရုံ ရှိသေးတယ်။ ဒီလိုဖြစ်နေပြီ။ သူကတော့ သခင်လေးဆီကနေ သေသည်ထိ အပြစ်ပေးခံရလိမ့်မယ်။

ရွှယ့်လင်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပေါ်‌နေတာဖြစ်ပြီး ပိုင်မိသားစု ဗီလာကို ရောက်တဲ့အခါမှာ သူက မထချင်တော့ပေ။ ပိုင်ဟောင် သူ့ကို လှုပ်ပြီး ကားထဲကနေ ထွက်ဖို့ရာ နိုးပေမယ့် သူက သူ့အစ်ကိုကြီးကိုစိတ်ရှုပ်ထွေးစွာ မျက်စိမှေးကြည့်လိုက်ပြီး သူ့လက်တွေကို သူ့လည်ပင်းမှာပဲ သိုင်းဖက်လိုက်တယ်။ သူ့ပုံစံက သိသိသာသာကို အမျိုးသားကို သူ့ကို သယ်ပြီး အထဲကို ဝင်စေချင်ကြောင့် ဖော်ပြ‌နေတယ်။

ငါ့အမြှီးကိုဘယ်သူထိသွားတာလဲကွ? (Arc 2 to Final Arc)Where stories live. Discover now