Chapter «14»

1.1K 195 2
                                    

Chapter <<14>>
(ဘာကြောင့် ' ဧကရီ' ဖြစ်နေရတာလဲ။)

" ဒါက ငါ့နန်းဆောင် ငါပြန်လာချင်တဲ့အချိန်ပြန်လာလို့ရတယ်။" လူသာက မထူးခြားနားပြောလိုက်တယ်။

ရွှယ့်လင်က မရယ်ပဲ မနေနိုင်စွာ ရယ်လိုက်ပြီး အရာအားလုံးကို ထိန်းချုပ်ထားသလိုလုပ်နေတဲ့ အရှင်မင်းသားကို စပ်စပ်စုစုကြည့်လိုက်တယ်။ သူကမေးလိုက်တယ်။ " အရှင်မင်းသား မင်းရဲ့ ယုံကြည်မှုက ဘယ်ကနေရောက်လာလဲ ငါမသိပေမယ့် ငါ့ကို ရယ်ရအောင်လုပ်ပေးလို့ ကျေးဇူးပဲသိလား။"

လူသာ သူ့ကို ကြည့်လိုက်ပြီး သူ့အကြည့်က စူးရှနေတယ်။ " အက်ရှ်လေ မင်းငါ့ရှေ့မှာ သရုပ်ဆောင်နေစရာမလိုဘူး။ " သူက ဖြေးဖြေးချင်းပြောလိုက်တယ်။ " မင်းအမြဲတမ်းလိုချင်ခဲ့တဲ့ဟာကို ငါသိတယ်။ မင်းသေချာပေါက်ကို ငါနဲ့ကွာရှင်းမှာကို သဘောတူမှာ မဟုတ်ဘူး အက်ရှ်လေ။ မင်းရှေ့ဆက်ဖို့ ခြေတစ်လှမ်းနောက်ဆုတ်တယ်ဆိုရင်တောင် အဲ့ဒီ့ခြေလှမ်းက ဆိုးဆိုးရွားရွားကို မှားယွင်းသွားပြီ။"

" အိုး။" ရွှယ့်လင် ကြားဖြတ်မပြောပဲ ရယ်သံနဲ့ပဲ တုန့်ပြန်လိုက်တယ်။

"ကလေးဘဝကတည်းက မင်းရဲ့ တစ်ခုတည်းသော ရည်မှန်းချက်က ဘုရင်မဖြစ်ဖို့ပဲ။" လူသာက နှာရှုံ့လိုက်တယ်။ " မင်းက အရူးအမူးကိုဖြစ်နေခဲ့တဲ့သူလေ။ ငါဘာကို သဘောကျတယ်ဆိုတာလည်း မင်းဂရုမစိုက်ဘူး။ မင်းသားနေရာမှာ ဘယ်သူပဲဖြစ်နေပါစေ မင်းသူ့ကို လက်ထပ်မှာပဲ။ ဘာလို့ဆို မင်းသမီးဖြစ်ဖို့ ဘုရင်မဖြစ်ဖို့ဆိုတာ မင်းရဲ့လမ်းကြောင်းဖြစ်လို့ပဲ။ အက်ရှ်လေ ငါမင်းကို သိတာပေါ့။ မင်းဘယ်တော့မှ မင်းရဲ့ ဆုံးဖြတ်ချက်လမ်းကြောင်းကို ဖြတ်တောက်ပစ်မှာ မဟုတ်ဘူး။"

ရွှယ့်လင် လူသာ့ကို ထူးဆန်းစွာကြည့်လိုက်ပြီး သူခေါင်းထဲမှာ ဘယ်လောက်တောင် များပြားလှတဲ့ ထူးဆန်းတဲ့ စိတ်ကူးတွေနဲ့ပြည့်နေလဲဆိုတာ သိချင်သွားတယ်။

ဒါပေမယ့် သူပြောတာတွေကလည်း မှန်ပါတယ်လေ။ ဒီခန္ဓာကိုယ်မူလပိုင်ရှင်မှာ ဒီစိတ်နေစိတ်ထားရှိတယ်။ မဟုတ်ရင် သူ့လက်ထဲမှာ ဒီလောက်ကောင်းတဲ့ ကတ်တွေရှိနေတာတောင် ပလေးခံရပြီး ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားမှာမဟုတ်ဘူး။ " ငါ့ရဲ့ ကိုယ်ပိုင်လမ်းကြောင်းကို ဖြတ်တောက်ပစ်တာမဟုတ်ပါဘူး။ တခြားစီပဲ မင်းကိုကွာရှင်းလိုက်တာက ငါ့ရဲ့အစီအစဉ်ကို စတင်ပြီလို့ အချက်ပြလိုက်တာပဲ။"

ငါ့အမြှီးကိုဘယ်သူထိသွားတာလဲကွ? (Arc 2 to Final Arc)Where stories live. Discover now