Chapter «13»

1K 207 5
                                    


Chapter «13»
(ဖျက်ဆီးပစ်လိုက်! မင်းရှေ့ကလူကို ဖျက်ဆီးပစ်လိုက်!)

ဒါပေမယ့် ဒါက ခဏတာပဲဖြစ်ပြီး လူသာမြန်မြန်ပဲ စိတ်လျော့လိုက်နိုငါတယ်။ သူ အက်ရှ်လေ ကြီးပြင်းလာတာကို စောင့်ကြည့်ခဲ့ရတာ မဟုတ်ပေမယ့်လည်း သူ,သူ့ကို နားလည်နိုင်ပါသေးတယ်။ သူက ဒီလိုအ‌ခြေအနေမျိုးကို စီစဉ်ထာစတယ်ဆိုတော့ သူတစ်ခုခုကို ရှာတွေ့ထာူတယ်လြိ့ ဆိုလိုတာပဲပြီးတော့ သူဘက်က အရင်စပြီး မေးမြန်းချင်တာပေါ့။ 

သူစကားစမယ်ရှိ‌‌သေး သူ့ဘေးမှာ ရပ်နေတဲ့ ရူဇယ့်ကို ကြည့်နေတာမြင်လိုက်တာကြောင့် လူသာ သူ့လက်ကို ဆန့်ထုတ်ပြီး ကာကွယ်လိုက်ကာ သူမျက်နှာပေါ်မှာလည်း ရန်လိုမှုအပြည့်နဲ့ ရွှယ့်လင်ကို ကြည့်လိုက်တယ်။

ရွှယ့်လင် သူ့နှုတ်ခမ်းတွေကို ကွေးညွတ်လိုက်ပြီး ပြောလိုက်တယ်။ " အရှင်မင်းသား သိပ်ပြီး စိတ်လှုပ်ရှားနေစရာမလိုပါဘူး။ မင်းနောက်မှာရှိနေတဲ့သူကို ငါဘာမှမလုပ်ပါဘူး။"

အက်ရှ်‌လေရဲ့ဘုရင်မဆိုတဲ့ နာမည်နဲ့ပတ်သတ်တဲ့ ရည်မှန်းချက်ကိုသိတာကြောင့် ဒီလို တည်ငြိမ်လှတဲ့ စကားတွေက ရွှယ့်လင်ကိုပိုပြီးတော့သာ စိတ်မအေးဖြစ်တယ်။ ပုံမှန်ဆို သူတစ်ခုခုကို သိရင်တောင်မှ တော်ဝင်မိသားစုရဲ့မျက်နှာကြောင့် သူသေချာပေါက်ကို ဒီမှာလာဖော်နေမှာ မဟုတ်ဘူး။

အမှန်ဆို အခုရွှယ့်လင်က တော်ဝင်မိသားစုရဲ့ မျက်နှာကို တကယ်ကို ဂရုမစိုက်တာဖြစ်တယ်။ သူဂရုစိုက်တာကတော့ ဒီလူသာ သူ့ရဲ့ အနေအထားကို ဆက်ပြီး‌ခြေကုတ်ယူနေဦးမယ်ဆိုရင် သူ့ရဲ့ချစ်ရသူကို နာမည်တစ်ခုမပေးနိုင်မှာကိုပဲ။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဩဂတ်စ်တင်ကသာ စိတ်အားထက်သန်တာမဟုတ်ပဲ သူလည်း စိတ်အားထက်သန်ပေတယ်။

ဒါပေမယ့် သူ့မှာလည်း သူစည်းမျဉ်းတွေရှိတယ်။ သူမင်းသားကို သူသန်းပေါင်းများစွာကနေ ဝေဖန်ခံရတ်ာလိုခံစားရမလဲဆိုတာ သိစေချင်တယ်။

ဒါက မူလ အက်ရှ်လေကို ခံစားစေခဲ့တဲ့အရာတြွေဖစ်တယ်။

လူတွေနဲ့ ချီးမွမ်းသံတွေက တဖြည်းဖြည်းနဲ့ တိုးဝင်သွားတော့တယ်။ အစကတော့  လူတွေက သူတို့ရဲ့လက်ထပ်ပွဲညက ခွဲခွာခဲ့ရတဲ့ တော်‌ဝင်စုံတွဲအတွက် တမင်တကာအားပေးနေကြတာဖြစ်တယ်။ ဒါပေမယ့် ဒီမြင်ကွင်းက နဲနဲတင်းအားတွေများနေသလိုပဲ။

ငါ့အမြှီးကိုဘယ်သူထိသွားတာလဲကွ? (Arc 2 to Final Arc)Where stories live. Discover now