Chapter «5»

1.7K 272 5
                                    

Chapter <5>
(မစ္စတာ အိုဝင်က ခက်ခဲတဲ့ ပြဿနာတစ်ခုနဲ့
ရင်ဆိုင်နေရတယ်။)

‌‌နေ့အချို့ အလုပ်များတဲ့ ပြီးနောက် ဇာပနပွဲက တရားဝင် ပြီးဆုံးသွားပြီ။ လူအများအပြားကို လိုက်ပို့လိုက်ပြီး ရွှယ့်လင် စိတ်သက်သာရာရစွာ အသက်ရှူလိုက်တယ်။

ရွှိးရုန်ယိက အချိန်ယူပေး၍ လာရောက်ပြီး သူအ‌ဆင်‌ပြေရဲ့လားလို့ မေးလာတယ်။" ရှောင်ယွမ် မင်းဘယ်လို ‌နေလဲ ခံနိုင်ရည်ရှိသေးရဲ့လား။"

ရွှယ့်လင်က သူ့နှုတ်ခမ်းတွေကို ကွေးလိုက်တယ်။ " ငါအဆင်‌ပြေပါတယ် နည်းနည်း ပင်ပန်းနေရုံပါ။"

" မင်းပင်ပန်း‌နေရင် သွားပြီးတော့ စောစော အနားယူလိုက်‌လေ။ ငါလည်း အိမ်မပြန်ရတာ ရက်အတော်ကြာနေပြီ။ မင်းအမ ပိုကောင်းလာပြီလား။ ငါအိမ်ပြန်ပြီး သူမကို သွားကြည့်သင့်လား မသိဘူး။"

"မလိုဘူး။ ရှောင်ချီက မင်းရဲ့ အိမ်မှာပဲရှိသေးတယ်လေ။ မင်းအိမ်ပြန်ပြီး သူ့ကိုကြည့်သင့်တယ်။ ကျွန်တော် အိမ်ပြန်ပြီး သူမ နေလို့ အဆင်‌ပြေရဲ့လားလို့ ကိုယ့်ဟာကိုယ် ကြည့်လိုက်မယ်။"

" အဲ့လိုလည်း ဖြစ်ပါတယ်။ မင်းနဲ့ မင်းအစ်မက အမြဲတမ်းရင်းနှီးကြတာပဲ။ ငါ့အစား မင်းပဲ သူမကို ကောင်းကောင်း ဂရုစိုက်ပေးထားပေါ့။ ငါသူမကို မနက်ကျ လာကြိုလဲ့မယ်။ "

သူ့ယောက်ဖက ကုတ်အင်္ကျီကိုဝတ်ရင်း သားသမီး ကျင့်ဝတ်ကျေပွန်ဟန်‌ဆောင်‌နေတာကို ကြည့်ရင်း ရွှယ့်လင် အေးစက်စက် နှာမှုတ်လိုက်တယ်။ ဒီလူက‌တော့ သူအခု ဘယ်လိုအ‌ခြေအနေမှာ ရှိနေတယ်ဆိုတာ‌တောင် မသိလို့ သူ့ပါးစပ်ကို ဖွင့်ပြီး သူ့အစ်မကို စိတ်ပူကြောင်း‌ပြောနေတယ် ဆိုတာ သူလောင်းရဲတယ်။ သူ့ကို ရွှီချင်းက အိမ် မှာ ရှိနေသေးတယ်ဆိုတာကို သတိပေးလိုက်တာက သူကို ထွက်သွားအောင် လုပ်ဖို့ လုံလောက်နေပြီ။ သူသူရဲ့ အဖိုးတန်သားလေးကို ရက်အတော်ကြာ မတွေ့ရသေးလို့ သူတကယ့်ကို စိတ်ပူနေတာ ဖြစ်ရမယ်။ ရွှယ့်လင် ဆီမှာရှိတဲ့ ဇနီးနဲ့ အကြီးဆုံးသား အတွက် မလိုအပ်တဲ့ အပို စွမ်းအင်တွေကို ဖြုန်းချင်လိမ့်မှာ မဟုတ်ဘူး။

ငါ့အမြှီးကိုဘယ်သူထိသွားတာလဲကွ? (Arc 2 to Final Arc)Where stories live. Discover now