Chapter «15»

1.5K 190 2
                                    

Chapter «15»
( သူတို့ရဲ့ ရက်စက်မယ့် အကြံအစည်တွေကို စွန့်လွှတ်ဖို့ ငြင်းဆန်တယ်။)

ရွှယ့်လင်နောက်နေ့ နိုးတော့ နေ့လည်ခင်းအချိန်တောင် ရောက်နေပြီဖြစ်တယ်။ သူဒီနေ့ အဖွဲ့ကို ဝင်ရမယ့်နေ့ဆိုတာ ဝေဝေဝါးဝါးတော့ မှတ်မိတယ်။ ဒါပေမယ့် အချိန်ကို ကြည့်ပြီးနောက်တော့ ပိုင်ဟောင်ကလည်း သူ့အတွက် ပျက်ကွက်ခွင့်တိုင်ပေးထားလောက်တယ်ဆိုတော့ သူ့လူးလှိမ့်ပြီးတော့ အိပ်ဖို့ စီစဉ်‌တော့တယ်။ ပိုင်ဟောက်ဆီကနေ အတားခံလိုက်ရတော့တယ်။

ပိုင်ဟောင်တံခါးဖွင့်ဖွင့်ချင်း ရွှယ့်လင် လှိမ့်‌နေတာကို မြင်လိုက်ရပြီး သူ့ရဲ့ပွယောင်းနေတဲ့ ခေါင်းနောက်နဲ့ သူ့ကို ကြိုဆို‌နေတယ်။

မနေ့ညက ဝအောင်စားလိုက်ရတဲ့ အမျိုးသားက စိတ်ခံစားချက် တော်တော်ကြီး ကောင်းနေပြီး သူ့မျက်နှာပေါ်မှာ အပြုံးတစ်ပွင့်တောင်ရှိနေသေးပြီး ဒါက ရေခဲတုံးအပေါ်ကို နေရောင်ခြည်ကျနေပြီး ရေခဲအရည်ပျော်ကျနေတဲ့အတိုင်းပဲ။ အမေးဇင်းပဲ။ “ ယွီယွီ အရင်ဆုံး ထပြီး စားလိုက်ဦး။”

ရွှယ့်လင် ပြန်လှည့်ပြီး အဲ့လူကို စိုက်ကြည့်လိုက်တ
်ယ်။

ဒါက သူ့ရဲ့ ပထမဆုံးအကြိမ်လေ။ အဲ့ဒီလူကို နည်းနည်းတော့ ‌မြှောက်မိသလိုဖြစ်‌နေတယ်ဆို‌ပေမယ့် သူ့လှုပ်ရှားမှုတွေကတော့ ထူးထူးခြားခြားကို ညင်သာပါတယ်။ ပိုင်ဟောင် သူ့အနာတရမဖြစ်အောင် နည်းလမ်းကို ဘယ်တုန်းကတည်းက တိတ်တိတ်လေး သင်ထားသလဲ ရွှယ့်လင်လည်း မသိပေမယ့် ဒါတော်တော်လေးတော့ အကျိုးရှိသားပဲ။ ရွှယ့်လင် ပင်ပန်းပြီး နုံးနေတာပဲ ခံစားရပြီး အဖျား ဒါမှမဟုတ် အခြားသက်ရောက်မှုတွေမရှိပေ။

ပိုင်ဟောင်က အိမ်‌တော်ထိန်းရဲ့လှည်းနဲ့ ဟင်းယာတွေကို တွန်းလာပြီး ရွှယ့်လင်ကို ပြောလိုက်တယ်။ “ ကိုယ် ဝန်ထမ်းတော်‌တော်များများကို နောက်နေ့တွေအထိ အနားပေးလိုက်တယ်။ လူနဲနဲလေးပဲရှိတယ်။  သူတို့ကိုလည်း ဒုတိယထပ်ကို တက်ခွင့်မပြုထားဘူး။ ဒါ့မို့ မင်းအခန်းထဲမှာ မင်းစိတ်ကြိုက်နေလို့ရတယ်။”

ငါ့အမြှီးကိုဘယ်သူထိသွားတာလဲကွ? (Arc 2 to Final Arc)Where stories live. Discover now