Chapter « 8 »

866 138 3
                                    

Chapter «8»

(သူ သေချာသလောက်ကို ရုန်းထွက်မရနိုင်အောင် ဒီပုဂ္ဂိုလ်နဲ့ ရောယှက်နေတယ်။)

လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ မြို့တော်မှာ သေးငယ်ပြီး အထူးကောင်းကောင်းမွန်မွန် အလှဆင်ထားတဲ့ ဆိုင်လေးတစ်ဆိုင်ပေါ်လာခဲ့တယ်။ လူစည်တဲ့ နေရာ မဟုတ်ပေမယ့် ဖောက်သည်အများစုကတော့ ဂုဏ်သရေရှ် အမျိုးသမီးတွေ ဖြစ်တယ်။

သူတို့က ဆိုင်ရဲ့ကုန်ပစ္စည်း‌တွေကို အလွန်ကောင်းမွန်တဲ့ ဝေဖန်ချက်တွေပေးခဲ့ပြီး ပိုက်ဆံလည်း တော်တော်လေးသုံးကြတယ်။ ဆိုင်စောင့်ကတောင် လူစုကြောင့် ပင်ပန်းနေပြီ။ မြို့တော်က သာမာန် အမြင်မျိုးနဲ့ နားလည်နိုင်တဲ့နေရာ မဟုတ်ဘူး။ ဒီက စီးပွားရေးမှာလည်း သူ့စည်းမျဉ်းနဲ့ သူရှိတယ်။ နောက်ခံက ဘယ်လောက်ပဲကောင်းနေပါစေ အပြင်မှာဆို သူတို့ သခင်နာမည်ကို အသုံးချလို့ မရဘူး။ ဒါက နောက်ကွယ်မှာပဲ သိရပြီး ထုတ်ပြလို့မရတဲ့အရာဖြစ်တယ်။

ဒီမင်းဆက်မှာ စီးပွား‌ရေးသမား‌တွေကို အနိမ့်ဆုံး လူတန်းစားအဖြစ် မသတ်မှတ်ထားပေမယ့် တော်ဝင်မိသားစုဝင်တွေ စီးပွားရေးမှာ မပါဝင်ရဘူးဆိုတာကတော့ ကျိန်းသေလိုက်နာရမယ့် စည်းမျဉ်းဖြစ်တယ်။ ဧကရာဇ်က မျက်လုံး တစ်ဖက်မှိတ်ကာ မသိချင်ယောင်ဆောင်နေပေမယ့် တစ်ဖက်ကတော့ဖွင့်ပြီး စောင့်ကြည့်နေတာဖြစ်တယ်။ ဒါပေမယ့် ‌ကျိန်းသေပေါက် နာမည်ထွက်အောင်တော့ လုပ်လို့မရဘူးပေါ့ မဟုတ်ရင် ဧကရာဇ်က ကျိန်းသေ လွယ်လွယ်‌လေးလွှတ်ထားပေးမှာ မဟုတ်ဘူး။

ဒါက လူတိုင်းအတွက် အတူတူပဲဖြစ်တယ်။

လူအများစုက ဒီဆိုင်နောက်ကွယ်က ကုန်းချင်မင်းသားရဲ့ နန်းဆောင်ကဆိုတာ သိပေမယ့် လတ်တလောက ကိုယ်ရည်ကိုယ်သွေးတွေ အလွန်ပြောင်းလဲသွားတဲ့ မင်းသမီး ရင်ယွဲ့ကြောင့် ဆိုင်ကို မကြာခဏဝင်ထွက်ကြတယ်။ ဒီလိုမျိုး အထောက်အထား‌တွေ ရှိပေမယ့် သူမပိုင်ဆိုင်တဲ့အရာတွေကို ထိန်းချုပ်နိုင်စွမ်းရှိတယ်လို့ မဆိုလိုဘူး။ ကုန်းချင် မင်းသား နန်းဆောင်မှာ မိဘမဲ့တွေနဲ့ မုဆိုးမတွေပဲ ကျန်ခဲ့ပြီး ‌ခြေသုံးလှမ်းတိုင်းမှာ မျိုးရိုးမြင့်တွေနဲ့ တွေနိုင်တဲ့ ဒီမြို့တော်မှာ သူတို့က ဘာမှ မဟုတ်ပေ။ သူတို့ရဲ့ နောက်ခံထက်ပိုသန်မာတဲ့သူတွေကို နေရာတိုင်းမှာ တွေ့နိုင်တယ်။ ဒါကြောင့် သူတို့ လုပ်ငန်းက ကောင်းကောင်းလည်ပတ်နေတာ မြင်တော့ အများစုကလည်း ထိုလုပ်ငန်းလိုပဲ ဆ်ုင်ဖွင့်ဖို့ အကြံတွေထွက်လာကြတော့တယ်။

ငါ့အမြှီးကိုဘယ်သူထိသွားတာလဲကွ? (Arc 2 to Final Arc)Where stories live. Discover now