ကျေးဇူးပဲမေရယ်♥️

1.2K 9 0
                                    

ချစ်ခြင်းတရားဟာ တချို့သောသူတွေအတွက်တော့ ခက်ခဲခဲ့ပါတယ်...၊ အထူးသဖြင့် နှလုံးသားထက် ဦးနှောက်ကိုပိုဦးစားပေးတတ်တဲ့ မေဇင်မင်းလိုလူမျိုးအတွက်ပေါ့...၊
ဘယ်လိုလူမျိုးကိုကိုယ်ချစ်သလဲ ဆိုတာထက် ဘယ်လိုလူမျိုးကကိုယ့်ဘဝအတွက် ပိုသင့်တော်မလဲဆိုတာမျိုးသူစဉ်းစားတယ်...။
ဟုတ်တာပေါ့ အချစ်ကအရာအားလုံးမဟုတ်ဘူး...၊ လောကကြီးမှာနေရင်းထိုင်ရင်း အချစ်တစ်ခုထဲကြည့်မိလို့ ဘဝပျက်သွားကြတဲ့သူတွေ၊ မပြေလည်တဲ့မိသားစုကမို့ အားကိုးရာရှာရင်းမပျော်ကြရတဲ့သူတွေ....၊ ဘဝပေါင်းများစွာကို မြင်ခဲ့ကြားခဲ့ရပြီးပါပြီ၊
ဒီဝတ္ထုထဲကဇာတ်ကောင်တစ်ဦးဖြစ်တဲ့ မေဇင်မင်းကတော့ အေးချမ်းသာယာတဲ့ဘဝမှာ ပကာသနနည်းနည်းနဲ့ ရိုးရိုးရှင်းရှင်းနေထိုင်သွားချင်တဲ့သူပါ။ ဒါပေမဲ့သူချစ်မိသွားတဲ့သူကတော့ ပွေရှုပ်တတ်ပြီးငြီးငွေ့လွယ်တဲ့ ဉာဏ်လင်းအောင်ဆိုတဲ့ အထက်တန်းလွှာလူတစ်ယောက်ကို ဖြစ်တယ်....။
လူတစ်ယောက်ကိုချစ်မိဖို့မလွယ်သလို မေ့ပစ်ဖို့မလွယ်တဲ့ မေဇင်မင်းသည် နှစ်ပေါင်းများစွာထိုလူတစ်ယောက်ကို အဖန်ဖန်ချစ်မိရင်း အကြိမ်ကြိမ်မေ့ပစ်ရင်း ရင့်ကျက်ခဲ့ရသည်။
အသက်အရွယ်တစ်ခုရောက်လို့ မဖြစ်မနေလက်တွဲဖော် တစ်ယောက်ကိုရွေးရတဲ့အခါ သူ့ရဲ့စံနှုန်းတွေနဲ့ကိုက်ညီတဲ့သူကို ရွေးချယ်မလား၊ သူချစ်ရတဲ့သူတစ်ယောက်ကို ရွေးချယ်မလား စောင့်ကြည့်ရမှာပါဘဲ....။
"အကယ်၍ဆက်ချစ်ဖြစ်ခဲ့ရင်" ထဲက second lead များဖြစ်ကြတဲ့ မေဇင်မင်းနဲ့ဉာဏ်လင်းအောင်တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ဖတ်ဖူးတဲ့သူတော်တော်များများ သိကြမှာပါ။
ဝတ္ထုအသစ်ရေးမယ်လို့စဉ်းစားလိုက်တဲ့အခါ ပတ်ဝန်းကျင်မှာကြုံဖူးကြားဖူးတဲ့ အကြောင်းအရာလေးတွေ ခေါင်းထဲပေါ်လာတော့တာပါဘဲ....၊ ဦးနှောက်နဲ့နှလုံးသားမှာ ဘယ်ဘက်ကမှ အလေးပိုသာလို့မဖြစ်ကြောင်း တစ်ပါးသူရဲ့အတွေ့အကြုံတွေကနေ ကိုယ်တိုင်လေ့လာသင်ယူဖြစ်ခဲ့သည်။

မေဇင်မင်းရဲ့ ရွေးချယ်မှုသည် မည်သို့မျှဖြစ်မည်နည်း....။

မေတ္တာဖြင့်....
ယူ့ဧကရာဇ်♢

ကျေးဇူးပဲမေရယ်Where stories live. Discover now