Part 10(Unicode)

2.3K 84 1
                                        


"တစ်ယောက်ထဲလာတာလား"
"မဟုတ်ဘူး.....၊ ဒက်ဒီနဲ့လာတာ......"

ထိုသူ၏အမေးကိုခပ်အေးအေးပင်ပြန်ဖြေရင်း ဝိုင်ခွက်လေးကိုတစ်ငုံသောက်လိုက်သည်။ ထိုလူကတော့ခပ်ပြုံးပြုံးပင် ခေါင်းညိတ်ရင်းမေဇင့်ဘေးက မနီးမဝေးမှာလာရပ်သည်။

"ဒီလိုပွဲမျိုးကိုလာလေ့မရှိဘူးထင်တယ်......၊"

"ဟုတ်တယ်ရှင့်......၊ တကယ်‌တော့လူတစ်ယောက်ကို တွေ့ဖို့လာတာပါ...။

အဲ့လူကတော့အလုပ်ရှုပ်နေတဲ့ပုံမို့ ကြည့်ရတာတစ်ယောက်ထဲ သောက်ပြီးပြန်ရတော့မယ်ထင်ပါတယ်...."

ထိုသူကခဏတာတိတ်ဆိတ်သွားသော်လည်း အဲ့ဒီလူဆိုတာဘယ်သူလဲ ဆက်မမေးခဲ့သလို မေးခဲ့လျှင်လည်း မဖြေဖို့ဆုံးဖြတ်ခဲ့ပြီးသားပင်.......။ မသိတဲ့သူစိမ်းယောက်ျားတစ်ယောက်ကို ဒီလောက်တောင်‌စကားတွေ ပြောနေမိတာကပင် မေဇင့်အတွက်အရမ်းကိုစွန့်စားရာရောက်နေခဲ့ပြီးဖြစ်သည်။

"ဒီမှာလာတဲ့သူတွေက စီးပွားရေးဘက်ကဆက်နွယ်တဲ့သူတွေဘဲမို့ ကျွန်တော်လည်းဝင်ရောလို့မရဘူးဗျ....၊

ကျွန်တော်က technological field ကဆိုတော့ ဒီခေတ်လူကြီးတွေနဲ့ စကားပြောလို့အဆင်မပြေဘူးပေါ့ဗျာ...."

မေဇင်ကပြုံးရုံပြုံးကာ ခေါင်းတစ်ချက်ညိတ်ရင်း တစ်ချက်တစ်ချက်သာ မျက်နှာချင်းဆိုင်ပြီး ရေကူးကန်ဘက်ကို ငေးနေသည်ကများသည်။

"ခင်ဗျားကရောဘယ် field ကလဲ......၊"

"ရှင်ဘယ်လိုထင်သလဲ.......၊"

"အမ်း.........၊"

မေဇင်ကပေါ့ပေါ့ပါးပါးပြောလိုက်သော်လည်း ထိုသူကတော့အလေးအနက် စဉ်းစား၍နေပါသည်။

" ခင်ဗျားရဲ့ရုပ်ရည်ကတစ်မျိုးလေးဆိုတော့ artist တစ်ယောက်ဖြစ်မယ်လို့ထင်တယ်......"

မမျှော်လင့်ထားသောစကားတစ်ခွန်းကြောင့် မေဇင်အသံထွက်၍ပင်ရယ်မိသွားသည်။ ယောက်ျားတို့သည်မိန်းမတွေထက် တကယ်ဘဲမာယာများသလားမသိ.......။

"မဟုတ်ရပါဘူးရှင်........၊ medicinal field ကပါ.......၊"

"ဟ......အဲ့တာဆိုခင်ဗျားက ဆရာဝန်တစ်ယောက်ပေါ့......၊"

ကျေးဇူးပဲမေရယ်Donde viven las historias. Descúbrelo ahora