Part 20(Unicode)

2.1K 79 2
                                        

လေးနှစ်ကြာပြီးနောက်...

မျက်နှာကြက်ကနေကြမ်းပြင်အထိ ကာရံထားတဲ့မှန်ချပ်တွေကိုကျော်၍ ကြည့်မြင်လိုက်လျှင် မိုးထိလုမတတ်ထိုးထွက်နေသော အထပ်မြင့်အဆောက်အအုံကြီးများကို လက်ညှိုးထိုးမလွဲတွေ့နိုင်သည်။ ပြာလဲ့သောကောင်းကင်ကိုနောက်ခံလျက် အဆုပ်လိုက်လွင့်နေသော တိမ်တိုက်များခြံရံကာ ဖြူပြာသောမြင်ကွင်းထဲတွင် အရောင်အသွေးစုံမိုးမျှော်တိုက်ကြီးများသည် တိုးတက်သောနိုင်ငံများ၏ ပြယုဂ်ပင်ဖြစ်မည်လား...။ ထိုမှန်ချပ်ကြီးကိုထိုးဖောက်ကာ အောက်ဘက်ကိုငုံ့ကြည့်လိုက်မည်ဆိုလျှင် ဟိုးအောက်တွင်တ‌ရွေ့ရွေ့လှုပ်ရှားနေကြသော လူများကိုမသဲမကွဲမြင်ရသည်။

အခန်းထဲမှာတော့ကနုတ်ပန်းများဖြင့် ပုံဖော်ထားသော အုတ်ကျိုးရောင်ကော်ဇောကြီးတစ်ချပ်ကနေရာယူထားကာ မြင်လိုက်သည်နှင့်ထင်းလျက်ရှိသည်မှာတော့ ပုံဆောင်ခဲများစွာဖြင့်သေသပ်စွာ ဖန်တီးစီရင်ထားသော တလက်လက်လင်းနေသည့် မီးဆိုင်းကြီးတစ်ခု....။

ဉာဏ်လင်းက ကော်ဖီဖျော်စက်ကနေ ယူလာသည့်ကော်ဖီခွက်တစ်ခွက်ကို ခပ်ထူထူမှန်ချပ်ဘေးတွင်ရပ်လျက် အပြင်ကိုငေးကြည့်နေသည့် ဦးဇေယျာအောင်ဆီ ကမ်းပေးလိုက်သည်။ အသက်အားဖြင့်ခြောက်ဆယ်နားကပ်နေပြီ ဖြစ်သော်လည်း နုပျိုအရွယ်တင်ကာ လူကြီးလူကောင်းတစ်ယောက်သဖွယ် မြင်လိုက်ရုံနှင့်ရှိန်သွားစေနိုင်သည်။ မပိန်မဝခန္ဓာကိုယ်ပေါ် ရောက်နေသည့်ဒေသနှင့်လိုက်ဖက်သည့် အနောက်တိုင်းဝတ်စုံအပြည့်အစုံကပ်တင်လျက် ခပ်တိုတိုဆံပင်ကိုလည်းပုံကျကျဖီးလိမ်းထားသေးသည်။

ဉာဏ်လင်းသည်လည်း ကော်ဖီခွက်ကိုကမ်းလိုက်ပြီး လစ်ဟာသွားသောလက်တစ်ဖက်ကို စတိုင်လ်ဘောင်းဘီနီညိုရောင်၏ အိပ်ကပ်တစ်ဖက်ထဲအသာချိတ်ထားလိုက်သည်။ ရုံးခန်းထဲမှာမို့ပေါ့ပေါ့ပါးပါး ရှပ်အင်္ကျီအဖြူကို ထိပ်ကြယ်သီးနှစ်လုံးခန့်ဖြုတ်ကာ လက်ခေါက်တင်ထားသည်။

"မင်းအစ်မအကြောင်းလေးဘာလေးကြားသေးလား"

"မမကlocal brand တစ်ခုထောင်ပြီး company တစ်ခုဖွင့်ထားတယ်၊

ကျေးဇူးပဲမေရယ်Wo Geschichten leben. Entdecke jetzt