Part 33(Unicode)

2.5K 82 2
                                        

လက်ထဲကဖန်ခွက်ထူထူလေးဟာ အချိန်အတန်ကြာလှုပ်ယမ်းခံရသဖြင့် အပြင်ဘက်မျက်နှာပြင်တွင်ခိုသီးနေသော ရေစက်များကအောက်ကိုထောက်ခနဲ ပြုတ်ကျသွားရသည်။

အတန်ငယ်ကျယ်ဝန်းသော အခန်းထဲတွင်မှိန်ပျပျ မီးရောင်အချို့သာနေရာယူလျက် သာယာငြိမ့်ညောင်းသော တယောသံလေးက အခန်းတစ်ခုလုံးကို လွှမ်းခြုံလျက်ပင်ရှိသည်။ လူတိုင်းသည်အရက်ခွက်ကိုယ်စီဖြင့် အတွေးများစွာကိုပိုက်ထွေးလျက် ကိုယ်စီငြိမ်သက်လျက်ပင်ရှိကြသည်။

အဆွေးဓာတ်ခံရှိတဲ့သူတွေအတွက်တော့ ပြင်းပြင်းရှရှခါးသက်သက်အရသာနှင့် ခပ်တိုးတိုးတယောသံလေးက ငိုပစ်လိုက်ချင်စရာ.......။

အခုဆိုဉာဏ်လင်းမှာဘာမှမရှိတော့ဘူး.....၊ မေဇင်မင်းသည်ဉာဏ်လင်းအတွက် အရာအားလုံးဖြစ်ခဲ့ပြီး မေဇင်မင်းဘဝထဲကနေ ထွက်ခွာသွားပြီးတဲ့နောက်မှာတော့ ရင်ဘတ်ကြီးဟာဗလာကြွင်းရဲ့ကျန်ခဲ့သည်။ ရက်စက်လိုက်တာလို့ ကိုယ့်မှာပြောပိုင်ခွင့်မရှိ.........၊ တကယ်တော့ကိုယ်ဟာသူ့အပေါ် အများကြီးရက်စက်ခဲ့ပြီးသား....။ ကိုယ်တိုင်စိုက်ပျိုးခဲ့တဲ့ပန်းပင်လေးကို တစ်ပါးသူခူးဆွတ်သွားတာကို ပြုံးပြီးကြည့်နေရတဲ့သူတစ်ယောက်လိုပေါ့.....။ ကိုယ်သူ့ကိုဘယ်လောက်ချစ်ချစ်၊ သူကိုယ့်ကိုဘယ်လောက်ချစ်ချစ်.....၊ ထက်မြက်တဲ့အဲ့ဒီအမျိုးသမီးဟာ သူ့တစ်ဘဝလုံးကိုအာမခံချက်ပေးနိုင်တဲ့ ယောက်ျားတစ်ယောက်ကိုရွေးချယ်သွားခဲ့တာ.....။

စက်လုံးပုံစံရေခဲတုံးတစ်တုံးဟာ ခပ်ထူထူဖန်ခွက်ထဲမှာ မြုပ်လိုက်ပေါ်လိုက်....၊ မီးရောင်ဟာမှိန်သွားလိုက်....လင်းလာလိုက်.........။

ဘယ်နှခွက်မြောက်မှန်းမသိ...မော့ချလိုက်ပြီးတဲ့နောက်မှာ လည်ပင်းထဲကိုပူဆင်းသွားသည့် ခါးသက်သက်ထိုအရသာကြီးကို ကျေကျေနပ်နပ်ခံယူလိုက်ရသည်။ ကိုယ့်ဘဝကြီးလောက်မင်းခါးသက်နိုင်လို့လား ဆိုပြီးလှောင်ရယ်လိုက်သလိုမျိုး တစ်ကိုယ်တည်းခပ်တိုးတိုးရယ်လိုက်မိသည်။ ဉာဏ်လင်းရဲ့ရှေ့မှာတော့ အရက်ပုလင်းမျိုးစုံတင်ထားသည့် စင်ကြီးတစ်ခုရှိပြီး အဖျော်ဆရာနှစ်ယောက်က မလှမ်းမကမ်းမှာ အရည်မျိုးစုံကိုရောစပ်လျက်ရှိသည်။

ကျေးဇူးပဲမေရယ်Место, где живут истории. Откройте их для себя