Part 35-Final(Unicode)

7.8K 156 28
                                        

ဆယ့်သုံးနှစ်ကြာပြီးနောက်..........

"သားမွေးနေ့ကိုဟိုတယ်မှာလုပ်မှာပါဆို......၊"

"ဟာ.......၊ ပန်းခြံထဲမှာလုပ်တာပိုကောင်းပါတယ်ဆို၊ ကလေးတွေလည်းဆော့လို့ရတာပေ့ါ....."

"မဆော့တဲ့လူကြီးတွေကျ နေပူကြီးထဲထိုင်နေရမှာပေါ့လို့......၊"

"အဲ့တာကြောင့်ညနေစောင်းမှလုပ်ပါမယ်ဆို....."

"ညနေဘက်ကြီးခြင်တွေကကိုက်နဲ့ ချုံတွေထဲမှာအကောင်ပလောင်တွေ ထွက်လာရင် မေ...တာဝန်ယူမှာလား.......၊"

"ရှင်ကလည်းမဖြစ်နိုင်တာတွေ၊ ကိုယ့်ဘာသာအကောင်ပလောင်တွေ ကြောက်ရင်ကြောက်တယ်ဝန်ခံလိုက်ပါလား..."

"မကြောက်ဘူးနော်.....၊ လုံးဝမကြောက်ဘူး.......။ မင်းငါ့ကိုအထင်သေးနေတာဘဲ.....၊"

အသံတွေတဖြည်းဖြည်းကျယ်လာပြီး အလုအယက်ပြောနေကြပြီဆိုရင် တစ်ပွဲစလာပြန်ပါပြီ....။

မြင်နေကျကြားနေကျမို့ ရိုးအီနေပြီဖြစ်နေသော ကျွန်တော်ကတော့ ခေါင်းတစ်ချက်ကုတ်ကာ ဝါးခနဲတစ်ချက်သမ်းပြီး ညီမလေးနဲ့အတူ ဆိုဖာပေါ်ထိုင်ကာ သူကြည့်နေသည့်ကာတွန်းကားကို အပျင်းပြေလိုက်ကြည့်နေလိုက်သည်။ တကယ်တော့ မေမေနဲ့ဖေဖေနဲ့ရန်ဖြစ်နေတဲ့အသံတွေ နားထောင်ရုံနဲ့တင်အပျင်းကပြေပါသည်။ သို့သော်လည်းနားပါညီးလာတာမို့ ခပ်ဝေးဝေးကိုရှောင်ကာ ပေါက်ပေါက်ဆုပ်တစ်ထုပ်ကောက်ဆွဲရင်း မောင်နှမနှစ်ယောက်ထိုင်ဝါးနေလိုက်သည်။

မီးဖိုချောင်ထဲမှာတော့ နှစ်ယောက်သား မတ်တပ်ရပ်ရင်းအားရပါးရ ငြင်းခုန်နေကြဆဲပင်ဖြစ်သည်။

ညီမ‌လေးကတီဗီရီမုတ်ကိုလှမ်းယူကာ အသံကိုအဆုံးထိချဲ့လိုက်သော်လည်း နောက်ကနေထွက်လာတဲ့ရန်ဖြစ်သံတွေကို မလွှမ်းနိုင်တာကြောင့် နောက်ဆုံးတော့သူလည်းလက်လျှော့ကာ ပေါက်ပေါက်ဆုပ်တွေလက်ထဲထည့်ရင်း စားနေကြတော့သည်။

"မေမေတို့ အရမ်းဆူတာဘဲ....၊ ဒီကားကဒီတစ်ချိန်ဘဲလာပါတယ်ဆိုနေ.......။"

ညီမလေးရဲ့ညည်းညူသံကို ဒီတိုင်းသာနားထောင်လိုက်ပြီး အရောင်စုံစုံလင်လင်ဖြင့် မြင်ကွင်းမျိုးစုံပြလျက်ရှိသော ဂျပန်ကာတွန်းကားတစ်ကားကို ကျွန်တော်လိုက်ကြည့်မိလိုက်သည်။

ကျေးဇူးပဲမေရယ်Место, где живут истории. Откройте их для себя