Part 19(Unicode)

1.9K 73 0
                                        

သားရဲတစ်ကောင်မာန်ဖီနေသလိုမျိုး ကြောက်မက်ဖွယ်မျက်နှာထားနှင့် ဒေါသရိပ်များလွှမ်းအုပ်နေသော မျက်ဝန်းတစ်စုံ.....။

ခြေလှမ်းများသည်ပြင်းထန်လွန်းလှသဖြင့် အဆောက်အအုံတစ်ခုလုံး တုန်ရီသွားသည်ဟုပင် ထင်မှတ်ဖွယ်ရာရှိသည်။ ထိုသူကားရှပ်အဖြူကိုထိပ်ကြယ်သီး နှစ်လုံးဖြုတ်ကာဝတ်ဆင်ထားပြီး အင်္ကျီလက်ဖျားများကိုတံတောင်အထိ ခေါက်တင်ထားသည်။ ခပ်တင်းတင်းဖြစ်နေသော နက်ခ်တိုင်ကိုဆွဲဖြုတ်ကာ ကြမ်းပြင်ပေါ်ပစ်ပေါက်ပစ်ခဲ့သည်...။

ထိုကဲ့သို့ကမ်းမမြင်လမ်းမမြင် ဒေါသတကြီးလျှောက်လာသော ထိုသူကိုဘေးပတ်ဝန်းမှ လူများကကြောက်လန့်တကြား ငေးကြည့်ရင်းကျန်ခဲ့သည်။

"ဝုန်း" ခနဲထွက်‌ပေါ်လာသော တံခါးပြန်ပိတ်သံသည် တံခါးတစ်ချပ်လုံးကျိုးပဲ့သွားပြီဟုပင် ထင်ရလောက်ပေသည်။

မကျဉ်းမကျယ်ရုံးခန်းလေးထဲတွင် ကိုယ်စီအလုပ်များနေသောသူများသည် ဝုန်းဒိုင်းကျဲကာဝင်ရောက်လာသော ဉာဏ်လင်းကိုမြင်တော့ တစ်ချက်တော့ကြောင်၍ ကြည့်နေကြသေးသည်။ ထို့နောက်ပါးစပ်အဟောင်းသားဖြင့် မျက်လွှာကလေးအောက်ချကာ ငြိမ်သက်နေကြသည်။ ဘယ်တုန်းကမှမီဒီယာများနှင့် အဆက်အသွယ်မလုပ်ခဲ့သော ဉာဏ်လင်းအောင်သည် ယခုအချိန်မှာတော့ သတင်းဌာနကိုကိုယ်တိုင်ကိုယ်ကျ အရောက်လာခဲ့ပါပြီ...။

"ဘာများကူညီပေးရမလဲ........၊"

တစ်ဖက်ကတာဝန်ရှိသူအသက် ခပ်ကြီးကြီးလူတစ်ယောက်သည် လေသံအေးအေးဖြင့် နှုတ်ဆက်စကားဆိုပါသည်။ ဉာဏ်လင်းသည်ထိုသူကို စူးခနဲစိုက်ကြည့်ကာ မျက်ခုံးများကိုအလိုမကျစွာတွန့်ချိုးလိုက်သည်။

"အဲ့သတင်းကိုဘယ်သူရေးတာလဲ.....၊"

ခပ်မှန်မှန်လေသံဖြင့်ပြောလိုက်သော်လည်း နူးညံပျော့ပျောင်းခြင်းမရှိသဖြင့် အော်ငေါက်လိုက်သည်နှင့်ပင် တူနေပါသေးသည်။ တစ်ဖက်ကတော့ထုံးစံအတိုင်းပင် အကျိုးအကြောင်းပြောကာ ဖြေရှင်းဖို့ကြိုးစားသည်။

"ဟုတ်ကဲ့....၊ အဲ့သတင်းနဲ့ပတ်သတ်လို့ ကျွန်တော်တို့အကုန် တာဝန်ယူပါတယ်..."

ကျေးဇူးပဲမေရယ်Where stories live. Discover now