Part 8(Unicode)

1.9K 78 1
                                        

"ငါမနေ့ကမေဇင်မင်းကို ခပ်ချော‌ချောကောင်လေးတစ်ယောက်နဲ့ တွဲမြင်ခဲ့တယ်သိလား......၊"

"အယ်.........ဟုတ်လား......."

စာရေးခုံကိုမှီကာရပ်နေရင်း ခပ်ဝေးဝေးတွင်ရယ်မောနေသော မေဇင်မင်းကိုငေးကြည့်ရင်း အလိုမကျစွာရေရွတ်လိုက်မိသည်။ တကယ်ဆိုချောချောလှလှကောင်လေးတိုင်းက ကိုယ်တွေအပိုင်ဖြစ်ရမှာလေ....၊ ဘာမှမဟုတ်တဲ့ အညတရကောင်မလေးတစ်ယောက်က ဒီလိုကောင်လေးမျိုးနဲ့တွဲသွားတွဲလာလုပ်နေပါလိမ့်...။

ဟိုတစ်နေ့ကပြဿနာဖြစ်တုန်းက မေဇင်မင်းကယ်တင်ခဲ့သဖြင့် လွတ်မြောက်ခဲ့ရသော်လည်း ကျေးဇူးတင်ဖို့ကတော့ တွန့်ဆုတ်နေတုန်းပါဘဲ....၊ ကယ်ပါလို့အကူအညီမတောင်းဘဲ သူဘာသာဝင်ကယ်ခဲ့တာဘဲလေ.....ဆိုပြီး ကိုယ့်ဘာသာအပြစ်တွေဖုံးကာ မသိချင်ဟန်ဆောင်နေခဲ့မိသည်။ မေဇင်မင်းကလည်းထိုနေ့က ကိစ္စအကြောင်းကိုစကားတောင်ပြန်မဟဘဲ ခပ်တန်းတန်းပင်နေနေသဖြင့် ကိုယ့်ဘက်ကစပြီးစကားသွားပြောရမှာ နည်းနည်းတော့ရှိန်နေသေးသည်။

"နင်ကြားပြီးပြီလား......၊ ဒီနှစ်ဘောလုံးပွဲမှာနာမည်ကြီးသွားတဲ့ အစ်ကိုကြီးတစ်ယောက်လေ...။

အဲ့တာမေဇင်မင်းကိုကြိုက်နေတာတဲ့.......၊"

"ဘာ.............၊"

ထိုစကားကမြုံနေသောဒေါသကို အလိပ်လိပ်ထွက်စေကာ ငုပ်လျှိုးနေခဲ့သောအမုန်းတရားများကိုလည်း ပြန်လည်အသက်ဝင်စေခဲ့သည်။

"အဲ့တာ.....ငါကြိုက်နေတဲ့တစ်ယောက်လေ.........၊"

"ဟယ်..........၊ ငါတို့ကိုလည်းမပြောပါလား......"

သူငယ်ချင်းတွေအုပ်စုက ပြုံးစိစိနှင့်လက်တို့ကာ သရော်လိုက်ကြသော်လည်း ကိုယ့်ရင်ထဲမှာတော့ မခံချင်စိတ်တွေပြင်းပြနေခဲ့သည်။ ကိုယ်လိုချောမောလှပတဲ့သူတစ်ယောက်ကို ပစ်ပယ်ပြီးစာတော်ရုံကလွဲရင် ဘာမှမက်လောက်စရာမရှိတဲ့ မေဇင်မင်းကိုရွေးချယ်သတဲ့လား....။

ကြောက်မက်ဖွယ်ရယ်သံများသည် စာသင်ခန်းထဲတွင် ဟိန်း၍ပျံ့နှံ့သွားသည့်အချိန် လူတိုင်းရဲ့အကြည့်များသည် ကိုယ့်ဆီစုပြုံကာရောက်လာခဲ့သည်။

ကျေးဇူးပဲမေရယ်Место, где живут истории. Откройте их для себя