"သမီး....ဘယ်လိုဖြစ်တာလဲ၊ ရေတွေရွှဲလို့ပါလား.....။"
ညနေစောင်းအချိန် စူစူပုတ်ပုတ်မျက်နှာထားနှင့် မကျေမနပ်အိမ်ထဲဝင်လာသော မေဇင့်ကို မေဇင့်ရဲ့အမေ ဒေါ်ရွှေဇင်က အလန့်တကြားမေးသည်။ အိမ်နောက်ဘက်တွင်ထမင်းပွဲပြင်ရန် ဝိုင်းကူနေသော ဦးအောင်မင်းကလည်း ခပ်မြန်မြန်ထွက်လာပြီး ခေါင်းကုတ်ကာကြည့်သည်။
မေဇင်ကတော့တစ်ယောက်မျက်နှာကိုမှ မကြည့်ဘဲခြေထောက်ကိုဆောင့်နင်းကာ ရေချိုးခန်းထဲပြေးဝင်သွားသည်။
ဘာကိုမှရေရေရာရာမသိသေးသော မာမီနှင့်ဒက်ဒီကတော့ ဧည့်ခန်းထဲတွင်ငြင်းခုံ၍ကျန်ခဲ့သည်။
"ခြံထဲလမ်းလျှောက်မယ်ပြောပြီး ရေဆော့လာတာလားမသိဘူး..."
ဒေါ်ရွှေစင်ရဲ့ခန့်မှန်းချက်ကို ဦးအောင်မင်းက ခေါင်းတစ်ချက်ခါကာငြင်းဆန်လိုက်သည်။
"အဲ့တာဆိုမျက်နှာကဒီလိုဖြစ်နေစရာ အကြောင်းမရှိဘူး၊ တစ်ယောက်ယောက်ရေထဲ တွန်းချလိုက်တာဖြစ်မယ်...။"
'ဟယ်.....အဲ့တာဆိုဒုက္ခပါဘဲ....၊ သမီးမှာရန်သူတွေရှိနေတာပေါ့....
ဘယ်သူကများ ငါ့သမီးကိုမနာလိုမုန်းတီးနေတာလဲ မသိဘူး....၊"
"အဲ့တာလည်း ဟုတ်ချင်မှဟုတ်မှာပါလေ.....၊"
မေဇင်ပြန်အထွက်ကိုစောင့်နေသော မာမီတို့နှစ်ယောက်က တစ်ယောက်အတွေးတစ်မျိုးစီဖြင့် ပျာယာခတ်စွာတွေးရင်း ထမင်းဝိုင်းတွင်ထိုင်၍စောင့်နေလေသည်။
"ဝုန်း...." ဟူသောတံခါးပိတ်သံနှင့်အတူ ရေစိုစိုဆံပင်များကို သဘက်ဖြင့်သုတ်ကာစားပွဲဝိုင်းဆီ လျှောက်လာပြီး ထိုင်ချလိုက်စဉ် နှစ်ယောက်လုံးရဲ့မျက်လုံးများက မေဇင့်ဆီတန်းခနဲရောက်လာသည်။
"သမီး.....၊ များများစားနော်......"
"ရော့.....၊ သမီးကြိုက်တဲ့ငါးသလောက်ချက်တယ်....၊ အရိုးတော့များတယ်....။
နေအုံး.....၊ ဒက်ဒီနွှင်ပေးမယ်......"
မျက်စိရှေ့တွင်ချထားသော ကန်စွန်းရွက်ကြော်နှင့် ငါးသလောက်ချက် ကိုတစ်လှည့်စီထည့်ပေးရင်း အရိပ်တကြည့်ကြည့်ဖြစ်နေသော မာမီတို့ကိုကြည့်ရင်း ခပ်တိုးတိုးရယ်လိုက်မိသည်။
DU LIEST GERADE
ကျေးဇူးပဲမေရယ်
Romantikဘယ်လောက်တောင်ပြတ်သားလိုက်တဲ့ အမျိုးသမီးဆိုရင်...၊ ကိုယ့်မျက်ရည်ကိုယ်သုတ်ပြီး အနှစ်နှစ်အလလ ချစ်ခဲ့တဲ့သူတစ်ယောက်ကို ရင်နာနာနဲ့ကျောခိုင်းသွားခဲ့တာပါဘဲ...။ ကျွန်တော်က မေ့ကိုအဖန်ဖန်နာကျင်စေခဲ့တာကိုး...၊ ဒါပေမဲ့ဘယ်သူ့ဆီကမှမရခဲ့ဖူးတဲ့ စစ်မှန်တဲ့မေတ္တာတွေအတ...
