လမ်းမပေါ်မှာဖြတ်သန်းသွားလာနေကြသည့် ကားများကိုအပေါ်စီးကနေငုံ့ကြည့်ကာ လိုက်လံရေတွက်မိသည်၊ လူဘယ်နှယောက်လမ်းပျောက်လို့ ဘယ်သူတွေကဘယ်သူတွေကိုများ လွမ်းဆွတ်၍နေမလဲ...၊ ပုံမှန်စိတ်ဆိုပေမယ့် ရူးကြောင်ကြောင်တွေလိုက်တွေးပြီး ဟိုးအောက်ကိုငုံ့ကြည့်လိုက်တိုင်း ခုန်ချမိတော့မလို့ပါလား...။
ကြယ်ရောင်တွေလင်းပါလျက် ငွေစန္ဒာလမင်းကြီးဟာ အဘယ်ကြောင့်အထီးကျန်ရိပ်တွေ သမ်းနေခဲ့ပါသလဲ...၊ ကမ္ဘာလောကမှာရှိတဲ့လူတွေ သန်းပေါင်းများစွာ၊ တွေ့ဆုံကြုံကြိုက်ဖူးတဲ့လူတွေ ရာပေါင်းများစွာ၊ ထိုများလှစွာသောလူတွေထဲက ထိုအမျိုးသမီးလေးကိုဘဲ ဘာကြောင့်များနှစ်သက်မြတ်နိုးရပါသလဲ.....၊
အချစ်ကြောင်းရူးတတ်တာမှန်ရင် ကျွန်တော်ဉာဏ်လင်းအောင်ဟာ ကုမရအောင်ရူးသွပ်လို့နေပေါ့...၊
ဆိုးသွမ်းတာတွေလုပ်ပြီးလည်း ရူးမိုက်ခဲ့သည်၊ ကောင်းတာလေးတွေပြန်ပြင်ရင်းလည်း ရူးသွပ်နေရပြီ၊ ဘာခံစားချက်ရယ်လို့ရေရေရာရာ မသိခင်ကတည်းက မေဇင်မင်းနဲ့ပတ်သတ်လာလျှင် သည်းသည်းလှုပ်ဖြစ်ရသည်။
ဘာရယ်မဟုတ်၊ အထပ်မြင့်ကွန်ဒိုတိုက်ခန်းက ဝရံတာလေးမှာမှီရင်း လှုပ်ရှားသွားလာနေကြသော လူတို့ကိုလှမ်းငေးရင်း အလွမ်းစိတ်ကိုဖြေဖျောက်ရသည်။ ညဟာလိုတာထက်ပိုမှောင်နေသလိုပင်......။
အိတ်ကပ်ထဲကတုန်ရီလာသောဖုန်းလေးကြောင့် အတွေးစတို့ဖျောက်ကာ ဖုန်းကိုဖွင့်ကြည့်လိုက်တော့ အတော်ကိုစိတ်အနှောင့်အယှက်ဖြစ်သွားရသည်။ အရင်တုန်းကတွဲပြီးအခုချိန် ဘာမှမပတ်သတ်တော့တဲ့ ဟန်နီဆိုတဲ့မိန်းကလေးဟာ ဉာဏ်လင်းဒီကိုပြန်ရောက်ကတည်းက ခဏခဏဆက်သွယ်နေခဲ့သည်။ ဖုန်းကိုချက်ချင်းချကာ contact ကို block ထားလိုက်ပြီး ဘယ်တော့မှထပ်မပတ်သတ်ဖို့ရာ အဆက်ဖြတ်ထားခဲ့ရသည်။
အခုဆိုကြက်ကြော်ဆိုင်မှာ ကြက်ကြော်ရောင်းတဲ့ကောင်လေး တစ်ယောက်ဖြစ်တဲ့ ဉာဏ်လင်းအောင်ကို ဘယ်သူကမှမက်မက်မောမော လာကြိုက်ကြတော့မှာမဟုတ်သဖြင့် စိတ်အေးရပါသည်။ အစ်ကိုဟိန်းမင်္ဂလာဆောင်သွားပြီးတဲ့နောက် Richard မြန်မာပြည်ပြန်ရောက်လာသည်မို့ ဉာဏ်လင်းလည်းသူ့ရဲ့ကွန်ဒိုမှာကပ်နေရင်း စားဖို့သောက်ဖို့ရှာရပေသည်။ ဒက်ဒီကတော့အဆက်အသွယ်မလုပ်ခဲ့သည်မှာ တစ်လလောက်ပင်ရှိနေပြီဖြစ်ပြီး ဉာဏ်လင်းနေရာမှာ ဦးအောင်မင်းနဲ့သူ့ရဲ့တပည့်ဥက္ကာက ဝိုင်းကူလုပ်နေသည်ဟုဆိုသည်။ မာမီ့ဖုန်းကိုလည်းကိုင်ဖို့ရာ ဉာဏ်လင်းမှာအားအင်တွေမရှိခဲ့ပါ၊ မမဒါလီကိုသွားပြီးအကူအညီတောင်းရအောင်လည်း မာနတွေမချနိုင်ခဲ့ပါ၊
BINABASA MO ANG
ကျေးဇူးပဲမေရယ်
Romanceဘယ်လောက်တောင်ပြတ်သားလိုက်တဲ့ အမျိုးသမီးဆိုရင်...၊ ကိုယ့်မျက်ရည်ကိုယ်သုတ်ပြီး အနှစ်နှစ်အလလ ချစ်ခဲ့တဲ့သူတစ်ယောက်ကို ရင်နာနာနဲ့ကျောခိုင်းသွားခဲ့တာပါဘဲ...။ ကျွန်တော်က မေ့ကိုအဖန်ဖန်နာကျင်စေခဲ့တာကိုး...၊ ဒါပေမဲ့ဘယ်သူ့ဆီကမှမရခဲ့ဖူးတဲ့ စစ်မှန်တဲ့မေတ္တာတွေအတ...
