Part 16(Unicode)

1.9K 73 2
                                        

"အဟင်း.......၊"

နာကျင်အက်ကွဲနေသော ရယ်သံတိုးတိုးသည် စင်္ကြန်လမ်းတစ်လျှောက်သို့ အထီးကျန်ဆန်စွာ ပျံ့လွင့်သွားသည်။

"ကိုယ့်ကိုအပျော်ကြံတဲ့သူနဲ့ တစ်ဘဝလုံးလက်တွဲသွားဖို့မဖြစ်နိုင်ဘူး....."

"စရိုက်ဆိုတာပြင်ရခက်တယ်၊ အကျင့်ဆိုတာဖျောက်ရခက်တယ်......၊"

အခန်းတံခါးလက်ကိုင်လေးကိုကိုင်ကာ ခပ်ဟဟပွင့်နေသောတံခါးရှေ့မှာ ရပ်နေခဲ့တာဘယ်လောက်ကြာခဲ့ပြီလဲမသိဘူး...။ စိတ်ဝိညာဉ်တို့ပျောက်ဆုံးနေသော လူတစ်ယောက်လို အရုပ်ကြိုးပြတ်ခွေကျမသွားအောင် အနိုင်နိုင်တင်းခံနေရ၏....။

ဉာဏ်လင်းတကယ်ဘဲမှားနေခဲ့တာလား၊ အဲ့အမှားတွေရောပြင်လို့မရနိုင်တော့ဘူးလား...၊

"ငါဘာတွေလုပ်နေခဲ့မိပါလိမ့်" ဆိုပြီးပြန်တွေးလိုက်မိသည့်အချိန် ရုတ်တရက်ကြီးခါးသီးသွားရသည်။ ကိုယ့်ဘဝဟာဘယ်တုန်းကမှမချိုမြိန်ခဲ့တာတောင်လေ....။

"သမီးကဒက်ဒီ့ထက်ပို တွေးတတ်ပါတယ်တဲ့......၊"

ကြေမွသွားသောနှလုံးသားတစ်ခုသည် အမှန်တရားကိုလက်ခံလိုက်ဖို့ တွန်းအားတွေပေးနေသလိုလို...။

မေဇင်မင်းလိုထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်က ဉာဏ်လင်းအောင်လို စုတ်ပြတ်နေတဲ့ယောက်ျားတစ်ယောက်ကို ဘယ်တော့မှရွေးချယ်မှာ မဟုတ်ဘူးဆိုတာ လက်ခံလိုက်ဖို့လေ....။

အိပ်မရတဲ့ညတွေမှာ ကိုယ့်ကိုပြုံးရယ်စေခဲ့ပြီး နှစ်ခြိုက်စွာအိပ်ပျော်စေခဲ့သော ပုံရိပ်များသည် မေဇင်မင်း၏အပြုံးများသာဖြစ်ကြောင်း ၊ တစ်စုံတစ်ယောက်က ကိုယ်မြတ်နိုးရပါသော အမျိုးသမီးလေးကို ထိခိုက်ပြောဆိုလာရင် အရိုးထဲစိမ့်အောင်နာကျင်ရကြောင်း၊ မေဇင်မင်းနဲ့ပတ်သတ်လာရင် ဘယ်အရာကိုမဆို ဆတ်ဆတ်ထိမခံဖြစ်မိကြောင်း....၊ ပြောပြစရာတွေအများကြီးဆိုပေမယ့် ပြောဖြစ်တော့မယ်မထင်ခဲ့....။

တွေးမိလိုက်တာနဲ့ကြည်နူးအေးမြသွားစေတဲ့ ချစ်ခြင်းဆိုတဲ့ခံစားချက်ကို လက်ခံလိုက်သည့်အချိန်ကစပြီး မြတ်နိုးတန်ဖိုးထားရသော အမျိုးသမီးလေးထက် ဘယ်အရာကမှအရေးမကြီးတော့....။

ကျေးဇူးပဲမေရယ်Место, где живут истории. Откройте их для себя