အပြင်ဘက်ကောင်းကင်ယံမှ ကျဆင်းလာသောမိုးစက်များသည် ကမ္ဘာမြေပြင်ကိုရိုက်ခတ်လာပြီး ပတ်ဝန်းကျင်တစ်ခွင်လုံးမိုးရေစက်များဖြင့် စွတ်စိုစေခဲ့သည်။ လူအနည်းငယ်သာရှိသော ဤစားသောက်ဆိုင်လေးထဲမှာတော့ ကျယ်လောင်လှသော မိုးစက်တို့၏ရွာသွန်းသံကြောင့် တီးတိုးစကားသံများက ပျောက်ကွယ်နေရလေသည်။
ပျော်ရွှင်နေကြသောလူတို့၏ကြားထဲတွင် ကြေကွဲဆို့နစ်ဖွယ်လူငယ်နှစ်ဦးကတော့ ဟန်ဆောင်မှုများရစ်လွှမ်းသော အပြုံးငွေ့ငွေ့ကိုဆင်မြန်းလျက် တစ်ယောက်ကိုတစ်ယောက် မနာကျင်စေဘဲအဆုံးသတ်နိုင်မည့် နည်းလမ်းများကိုရှာဖွေလျက်ပင်ရှိသည်။
ပြတ်သားလှသောအမျိုးသမီးနှင့် ရူးသွပ်နေအောင်စွဲလမ်းတတ်သောအမျိုးသား.....၊ အကယ်၍အချစ်သာစစ်ပွဲဆိုလျှင် ပိုချစ်ရသောသူတို့သည်ရှုံးနိမ့်တတ်ကြပေသည်။
ငါ.....ကိုလွင် နဲ့လက်ထပ်ဖို့ဆုံးဖြတ်လိုက်ပြီ.......၊
ဒီဆိုင်ကအစားအသောက်ကောင်းတယ်၊ ကိုယ်ကဒီကပင်လယ်စာကို အကြိုက်ဆုံးဘဲ......။
မေဇင်ရောဘာမှာမလဲ........။
ရှိရှိသမျှအားကုန်ထုတ်ကာ ရဲဝင့်တည်ငြိမ်စွာပြောထွက်နိုင်ဖို့ မနည်းတင်းခံထားခဲ့ရသည့် မေဇင့်ရဲ့စကားကို ဉာဏ်လင်းအောင်ကတော့ မကြားချင်ဟန်ဆောင်ခဲ့သည်။ သူရဲ့သွေးပျက်နေတဲ့မျက်နှာနဲ့ တုန်ရီစပြုလာတဲ့အသံတို့သည် ဖုံးဖိ၍မရအောင်ပင် သိသာနေခဲ့သည်။ သူ့ရဲ့မျက်လုံးများသည်မေဇင့်ကို စေ့စေ့ပင်မကြည့်နိုင်ဘဲ အောက်ကိုငုံ့လျက် တတ်နိုင်သမျှစကားလမ်းကြောင်းလွှဲကာ ရင်ဆိုင်ရမယ့်အခြေအနေတစ်ခုကို ရှောင်ပြေးလျက်ရှိ၏။
မေဇင်မင်းသည်သက်ပြင်းဖွဖွချရင်း ထိုစကားကိုနောက်တစ်ခါပြောထွက်နိုင်ဖို့ အားယူရပြန်သည်။
မေဇင့်ရင့်ဘတ်တစ်ခုလုံးဘယ်လောက်ထိ ဆို့နစ်မွန်းကျပ်နေသလဲဆိုတာ ပြောပြမတတ်လောက်အောင်ပင်ဖြစ်ခဲ့ရသည်။ သို့သော်လည်းဤသည်မှာ အခိုက်အတန့်တစ်ခုသာဖြစ်ပြီး ရှေ့ဆက်ရမယ့်ဘဝတစ်လျှောက်မှာတော့ အမှတ်တရတစ်ခုအဖြစ်သာ မေ့မေ့လျော့လျော့ကျန်နေခဲ့ပါလိမ့်မည်...။
ESTÁS LEYENDO
ကျေးဇူးပဲမေရယ်
Romanceဘယ်လောက်တောင်ပြတ်သားလိုက်တဲ့ အမျိုးသမီးဆိုရင်...၊ ကိုယ့်မျက်ရည်ကိုယ်သုတ်ပြီး အနှစ်နှစ်အလလ ချစ်ခဲ့တဲ့သူတစ်ယောက်ကို ရင်နာနာနဲ့ကျောခိုင်းသွားခဲ့တာပါဘဲ...။ ကျွန်တော်က မေ့ကိုအဖန်ဖန်နာကျင်စေခဲ့တာကိုး...၊ ဒါပေမဲ့ဘယ်သူ့ဆီကမှမရခဲ့ဖူးတဲ့ စစ်မှန်တဲ့မေတ္တာတွေအတ...
