Part 22(Unicode)

2.1K 79 2
                                        

မေဇင်ပြောသမျှကို မျက်တောင်မခတ်နားထောင်လျက်ရှိသော လရိပ်သစ်သည် ခပ်ကျယ်ကျယ်ဖွင့်ဟနေသော ပါးစပ်ကိုပင်ပြန်မစေ့နိုင်ဘဲ အချိန်အတန်ကြာမှင်သက်လျက်ရှိပါသည်။

မေဇင်ကတော့အခုချိန်ထိ ရှက်သလိုလိုကြောက်သလိုလို ဖြစ်နေသေးတာမို့ သစ်ကိုပင်မကြည့်နိုင်ဘဲ ခပ်ဝေးဝေးကိုအကြည့်လွှဲကာ အသံတွေမတုန်အောင် ထိန်း၍ပြောနေရပါသည်။

"တကယ်လား......၊ ငါ့ကိုတစ်ချက်လောက် ပါးရိုက်ကြည့်စမ်းပါ"

မေဇင့်ထက်ပင်ပို၍ တုန်လှုပ်နေသော လရိပ်သစ်သည်ထိုမေးခွန်းကို သုံးကြိမ်မြောက်ပြန်မေးသဖြင့် မေဇင်လည်းစိတ်မရှည်နိုင်ဖြစ်ကာ ဒေါသကိုထိန်းရင်း ပါးတစ်ဖက်ကိုအရှိန်လျှော့ကာ လှမ်းရိုက်လိုက်ကာမှ သစ်ကအိပ်မက်ကလန့်နိုးလာသူတစ်ယောက်လို အားခနဲအော်ကာ ပါးတစ်ဖက်ကိုလက်ဖြင့်အုပ်ရင်း ခွက်ထိုးခွက်လန်‌အော်ရယ်ပါတော့သည်။

"ဟ .....တကယ်ရိုက်တယ်ဟ........၊

မေဇင်မင်းတစ်ယောက် ရှက်နေတဲ့ပုံဘဲ......၊"

သစ်ကမထိတထိစတော့ မေဇင်ကမျက်နှာထားကို ခပ်တည်တည်ထားရင်း တစ်ဖက်ကိုလှည့်နေလိုက်သည်။ မေဇင်ကိုယ်တိုင်လည်း ဘာဖြစ်နေမှန်းနားမလည်နိုင်တော့ပေ၊

နောက်ဆုံးတော့ဉာဏ်လင်းအောင်တစ်ယောက် အမြင်မှန်ရသွားခဲ့ပြီ.......၊

"နင်လည်းသူ့ကိုကြိုက်တယ်မဟုတ်လား၊ အဖြေပြန်ပေးလိုက်လေ........."

"တော်စမ်းပါဟာ......၊ ငါ့ကိုစနေတာဖြစ်ပါလိမ့်မယ်........။

ဒီလိုအခြေအနေကြီးကို ငါတစ်ခါမှစိတ်ကူးမယဉ်ခဲ့ဖူးလို့ ဘယ်လိုကျော်ဖြတ်ရမလဲတောင်မသိဘူး....။

နောက်ပြီးသူဆက်ပြောမယ့် စကားကိုတောင်နားမထောင်ခဲ့တာမို့ ဘာအဖြေမှပြန်ပေးစရာမလိုဘူး......၊"

မေဇင်ကသက်ပြင်းရှည်ကြီးကိုလေးပင်စွာချရင်း စိတ်ပျက်လက်ပျက်ရေရွတ်လိုက်သော်လည်း လရိပ်သစ်ကတော့ အူတက်အောင်အော်ရယ်နေပါသည်....။ မေဇင်တို့ထိုင်နေသည့် ကော်ဖီဆိုင်ထဲတွင် လူအနည်းငယ်သာရှိသော်လည်း ထိုအနည်းငယ်သောသူတို့သည် ပတ်ဝန်းကျင်ကိုအားမနာဘဲ အော်ရယ်နေသောသစ်ကို တစ်ချက်တစ်ချက် လှမ်းကြည့်ကြသဖြင့် မေဇင်လည်းရှက်လာကာ သစ်ကိုတားရပါတော့သည်။

ကျေးဇူးပဲမေရယ်Where stories live. Discover now