Part 34(Unicode)

3.1K 89 2
                                        

သေမင်းရဲ့ခံတွင်းဝကနေ သီသီလေးကယ်တင်နိုင်ခဲ့တဲ့အတွက် သက်ပြင်းဖွဖွချလိုက်နိုင်သော်လည်း စိုးရိမ်ပူပန်မှုများကတော့ ထုနှင့်ထည်နှင့်ပင်ရှိသေးသည်။

တစ်ညလုံးခွဲခန်းထဲမှာအချိန်ကုန်ခဲ့ပြီး တစ်ရေးမှမအိပ်ရသေးသည့်အတွက် လူကနုံးချိနေသော်လည်း ပြန်လည်သတိရမလာသေးသော ဉာဏ်လင်းရဲ့အနားကနေ တစ်ဖဝါးမှမခွာဖြစ်ခဲ့ပါ။

"မမေဇင်....စကားခဏပြောလို့ရမလား..."

ဟု ကိုနိုင်ဝေကဆိုလာသဖြင့် အခန်းထဲကထွက်လာခဲ့ရသည်။

သူကမေဇင့်ကိုတစ်ချက်သာကြည့်ကာ အအေးဘူးတစ်ဘူးကိုလှမ်းပေးပြီး နံရံကိုမှီကာမတ်တပ်ရပ်နေခဲ့သည်။

"မနေ့ကငိုနေခဲ့တဲ့ မမေဇင်ရဲ့မျက်နှာကိုကြည့်ရင်း ကျွန်တော်တွေးမိတယ်သိလား...၊

ဒီလူကိုခင်ဗျားတစ်ဘဝလုံး မေ့လို့မရဘူးဆိုတာ ကျွန်တော်သိလိုက်တယ်.....၊

ကျွန်တော်နဲ့လက်ထပ်လည်း ခင်ဗျားရဲ့စိတ်ကသူ့ဆီမှာရှိနေအုံးမှာဘဲ...၊ ဒီလိုမျိုးပူဆွေးသောကရောက်နေတဲ့ မျက်နှာမျိုးကိုကျွန်တော်မြင်ရအုံးမှာဘဲ....။

ကျွန်တော်ထင်တယ်....၊ ခင်ဗျားနဲ့သူနဲ့ကပိုပြီးလိုက်ဖက်တယ်လို့....။

ဥပမာပေါ့ဗျာ....၊ ကျွန်တော်ကလည်းကိုယ့်ကိုယ်ကိုယ်ပိုချစ်တယ်၊ ခင်ဗျားကလည်းကိုယ့်ကိုယ်ကိုယ် ပိုချစ်တယ်...၊ ဒါကြောင့်ကျွန်တော်တို့နှစ်ယောက်က လိုက်ဖက်တဲ့အတွဲမဖြစ်နိုင်ဘူး....။

ကိုယ့်ကိုယ်ကိုယ်ပိုချစ်တဲ့သူထက် ခင်ဗျားကိုပိုချစ်တဲ့သူကို ‌ရွေးချယ်သင့်တယ်လို့ ကျွန်တော်အကြံဉာဏ်ပေးချင်တယ်...."

မေဇင်ဘာမှမပြောနိုင်ခင်မှာဘဲ သူကမေဇင့်ကိုတစ်ချက်သာကြည့်ကာ ယောင်ယောင်လေးပြုံးပြပြီး ထွက်ခွာသွားခဲ့သည်။ မေဇင်သည်လည်းဝေးကွာသွားသော ကိုနိုင်၏ကျောပြင်ကိုငေးကြည့်ကျန်ခဲ့ရင်း ပြုံးလိုက်မိသည်။

'ရှင်လည်းကိုယ့်ကိုယ်ကိုယ်ထက် ပိုချစ်တဲ့သူကို တစ်နေ့ရှာတွေ့ပါစေ...."

****************

နိုးထလာမည့်အချိန်ကို စောင့်ဆိုင်းခဲ့ရသောညများသည် ထင်ထားသည်ထက်ပို၍ ရှည်ကြာနေခဲ့သည်။ ဘယ်လိုစကားတွေများပြောဖို့ မေဇင့်ဆီကိုအလောတကြီး မောင်းလာရပါသလဲဦးဉာဏ်လင်းရယ်...၊

ကျေးဇူးပဲမေရယ်Wo Geschichten leben. Entdecke jetzt