Part 26(Unicode)

1.9K 62 3
                                        

"မေဇင်ရယ်.........နင်ရန်ကုန်ပြန်ပြောင်းလာရတာ အရမ်းပျော်တာဘဲ....၊

အခုဆိုအပြင်လျှောက်သွားဖို့ အဖော်ရသွားပြီ....၊"

မေဇင့်လက်တစ်ဖက်ကိုမှီဆွဲရင်း ပုခုံးပေါ်မေးတင်ကာ ပျင်းရိပျင်းတွဲလျှောက်လာသောသစ်က ရာထူးတက်၍ပြောင်းရွှေ့ခံရသော မေဇင့်ထက်ပင်ပို၍ပျော်ရွှင်နေပုံရသည်။ မနက်ဖြန်သန်ဘက်ခါ မင်္ဂလာဆောင်တော့မယ့် လရိပ်သစ်ကတော့ အခုထိကလေးတစ်ယောက်လို နေနေတုန်း....။

ကိုယ်ချစ်သင့်တဲ့သူနဲ့ ချစ်ရတဲ့သူနဲ့ထပ်တူကျတဲ့ ဆက်ဆံရေးတစ်ခုဟာ ဘယ်လောက်တောင်ကံကောင်းလိုက်သလဲ, လို့တွေးနေရင်းကြည်နူးစွာပြုံးလိုက်မိသည်။

မေဇင်ကတော့ထပ်တူမကျပေမဲ့လို့ပေါ့........။

"မနေ့ညကပျော်ခဲ့ရဲ့လား.......၊"

သစ်ကလူယုတ်မာအပြုံးကြီးပင် ပြုံးစိပြုံးစိလုပ်ကာ ကြည့်လိုက်တော့ မေဇင်ပင်ရယ်လိုက်မိသည်။

"ဘာကိုပျော်ရမှာတုန်း......၊

"ဟင်........၊ ဘာမှမဖြစ်ခဲ့ဘူးလား......."

"ဘာကိုဖြစ်ရမှာတုန်း........"

"ဘာာာာ............၊"

သစ်ကချက်ချင်းပင်မေဇင့်ကို ပြုးကျယ်သောမျက်လုံးများဖြင့်စိုက်ကြည့်ကာ ပခုံးများကိုဆွဲခါရမ်းလိုက်သည်။

"ဉာဏ်လင်းအောင် နင့်အိမ်မှာရှိနေခဲ့တာမဟုတ်ဘူးလား.......။"

"အေးလေ၊ သူကဧည့်ခန်းထဲမှာဖျာတစ်ချပ်နဲ့အိပ်တာ......၊ ငါကငါ့အခန်းထဲမှာငါအိပ်တာ......."

"အယ်.......သူဌေးသားကဖျာနဲ့အိပ်နိုင်တယ်ပေါ့.....ဝါးအံ့သြစရာကြီး........၊"

သစ်ကမရည်ရွယ်ဘဲပြောလိုက်သော်လည်းမေဇင်ကတော့ မနေ့ညကအကြောင်းကိုပြန်တွေးမိကာ ရယ်လိုက်ရမလိုလို ငိုလိုက်ရမလိုလိုဖြစ်သွားသည်။

မပြောချင်ပါဘူးဟယ်......... ဆိုပြီးအကုန်ပြောပြလိုက်တော့ သစ်ကမေဇင့်လက်မောင်းကို တဖတ်ဖတ်ရိုက်ရင်းအော်ရယ်ပါတော့သည်။

"နင်တို့နှစ်ယောက်ကတော့လေ........၊တကယ်ပါဘဲ........။"

ပြောလည်းပြော ရိုက်လည်းရိုက် ရယ်လည်းရယ်ရင်း မောလာကာမှ ရပ်တော့သည်။

ကျေးဇူးပဲမေရယ်Where stories live. Discover now