Part 7(Unicode)

2K 81 2
                                        

ဘဝထဲမှာဘယ်တော့မှမေ့မရနိုင်မယ့် နေ့တစ်နေ့ကိုရွေးပါဆိုလျှင် မိုးရေထဲမှာအတူတူလမ်းလျှောက်ခဲ့ဖူးသည့် အဲဒီနေ့ကိုရွေးရလိမ့်မည်။ စည်းချက်ညီစွာ လှုပ်ခတ်နေသည့်နှလုံးသားများသည် သစ်လွင်လတ်ဆတ်သောချစ်ခြင်းတို့ကို ဖော်ဆောင်လျက် မိုးရေစက်များကိုအံတုကာနွေးထွေးစေနိုင်ခဲ့သည်။ ဤအရာကိုအချစ်ဟုသတ်မှတ်လိုက်သည့်အချိန် ရှက်စိတ်ကလေးနှင့်အတူ ကိုယ့်ကိုယ်ကိုယ်အံ့သြမိရသည်။

မေဇင်လူတစ်ယောက်ကိုအလွယ်တကူ ချစ်မိခဲ့ပါရောလား.....။

ဤချစ်ခြင်းသည်ပထမဦးဆုံးအကြိမ်အဖြစ် ရင်၌ခိုနားခဲ့သောအရာတစ်ခုဖြစ်သည်ကိုသာ ခံစားမိခဲ့သော်လည်း နောက်ဆုံးအကြိမ်အထိချစ်မိနေခဲ့လိမ့်မည်ဟု မေဇင်မထင်ထားမိခဲ့ပေ......။

ချစ်ခြင်း၏အခြားတစ်ဖက်တွင်ရှိသော ကွာဟမှုများကိုမျက်ကွယ်ပြုလျက် အချစ်ကိုအချစ်ဟုခံယူကာ ရိုးရိုးရှင်းရှင်းဖြတ်သန်းခဲ့သောနေ့ရက်များသည် အပျော်ရွှင်ရဆုံးဖြစ်ပါလိမ့်မည်...။

ထိုနေ့ကစပြီးဉာဏ်လင်းအောင်သည် မေဇင်ကျောင်းဆင်းသည့်အချိန်တိုင်း လမ်းမထိပ်ကနေတိုက်ဆိုင်သလိုလို မတော်တဆတွေ့သလိုလို အမျိုးမျိုးဖန်တီးပြီး အတူတူလမ်းလျှောက်ပြန်ရဖို့ ကြံဖန်လျက်ရှိသည်။ မေဇင်ကလည်းမာမီ့ကိုလာမကြိုစေဘဲ ကိုယ့်ဘာသာကိုယ်ပြန်လာမည်ဟု အသိပေးပြီး မာမီ့ဆီကနေဘာကြောင့်လဲဟူသော မေးခွန်းပေါင်းများစွာကို ယုတ္တိရှိရှိဖြေနိုင်ဖို့ မေဇင်အတော်ဦးနှောက်ခြောက်ခဲ့ရသည်။

မသိမသာခြင်းတောင်းလေးကိုဖျတ်ခနဲလှမ်းဆွဲပြီး ဘေးကနေပေါ်လာမည့် လူတစ်ယောက်ကို တိတ်တခိုးလေးစောင့်နေခဲ့ရသည်။

"ဦးသာ.......၊ ကျွန်တော်ဒီနေရာကနေဘဲ ထွက်ထွက်လာတာ အရမ်းသိသာနေလားဟင်.....။

တစ်ခြားနေရာကနေပြောင်းပြီး ထွက်လိုက်ရမလား......၊"

ဉာဏ်လင်းကကားဒရိုင်ဘာကြီး ဦးသာထွန်းကိုအားကိုးတကြီး အကူအညီလှမ်းတောင်းလိုက်သော်လည်း အသက်ငါးဆယ်အရွယ်ကွမ်းတမြုံ့မြုံ့ဝါးလျက်ရှိသော ဦးသာကတော့ ကွမ်းချိုးတက်၍ရဲနေသော သွားများကိုပေါ်အောင် အားရပါးရရယ်လိုက်ပါသည်။

ကျေးဇူးပဲမေရယ်Wo Geschichten leben. Entdecke jetzt