Part 11(Unicode)

2.1K 82 2
                                        

ဖျတ်ခနဲဆုံမိလိုက်တဲ့အကြည့်တိုင်းမှာ အတိတ်တွေကိုသူဘယ်လောက်မေ့ချင်နေသလဲ အရမ်းသိသာတယ်...၊

ဒီလိုနဲ့သူထွက်သွားခဲ့ပြန်တယ်......၊ ဘာအဆက်အသွယ်မှမရှိဘဲ ဖုန်းတစ်ကောလ် မက်ဆေ့လေးတစ်စောင်တောင် ရောက်မလာဘဲဝေးကြရပြန်တယ်....၊ နီးစပ်စရာအကြောင်းမရှိလို့လားတော့မသိ၊ သူ့ဘက်ကပြတ်သားလှပေသည်။

"ဟိတ်......ဘာတွေတွေးနေသလဲ"

နောက်ကနေအသံပေးပြီးဝင်လာတဲ့ လရိပ်သစ်ကြောင့် ဘယ်ဆီဘယ်ဝယ်ဝဲလွင့်နေမှန်းမသိသည့် မေဇင့်စိတ်တွေပစ္စုပ္ပန်ဆီပြန်ရောက်လာကာ စားပွဲပေါ်ကဖိုင်တွဲလေးကိုလှမ်းယူပြီး ဆတ်ခနဲထရပ်လိုက်သည်။

"ဂျူတီဆင်းရတော့မယ်.....၊"

"ခဏထိုင်ပါအုံး........၊"

သစ်မျက်နှာကကြည်လည်နေပုံမရသဖြင့် မေဇင်လည်းဘာဖြစ်လာသလဲစိတ်ပူကာ အလောတကြီးဝင်ထိုင်လိုက်ရသည်။ အပြင်ဘက်ပတ်ဝန်းကျင်မှာတော့ နေလယ်ခင်းဖြစ်သဖြင့် အပူရှိန်ပြင်းပြင်းတောက်လောက်လျက်...။

သစ်ကအချိန်အတန်ကြာစကားမစ‌ သေးဘဲ မျက်နှာကိုအောက်ငုံ့ထားသဖြင့် သစ်ရဲ့ဆံနွယ်အလိမ်အခွေလေးများသည် မျက်နှာတစ်ခြမ်းကိုဖုံး၍နေသည်။

အခန်းငယ်လေး၏ထောင့်တစ်ခုတွင် နှစ်ထပ်ခုတင်တစ်လုံးနှင့် မျက်နှာချင်းဆိုင်တွင် ဗီဒိုတစ်လုံးရှိကာ မေဇင်တို့ထိုင်နေသောစားပွဲကတော့ တံခါးဝနှင့်မနီးမဝေးတွင်ရှိသည်။

တိတ်ဆိတ်နေသောအခန်းငယ်ထဲတွင် သက်ပြင်းချသံသဲ့သဲ့ထွက်ပေါ်လာသည့်အချိန် သစ်ဘက်ကစကားစလာမည့်အချိန်ကို မေဇင်စိတ်ရှည်ရှည်နှင့်စောင့်နေလိုက်သည်။

"အခုတလောထွက်နေတဲ့သတင်းတွေ နင်ကြားမိလား....၊"

"ဘယ်ဟာကိုပြောချင်တာလဲ"

"အစ်ကိုဟိန်းကလက်ထပ်တော့မယ်တဲ့......၊"

"ဘာ........၊"

ရုတ်တရက်မို့ကြားလိုက်ရတဲ့စကားကို မယုံကြည်နိုင်အောင်ဖြစ်ကာ သစ်မျက်ဝန်းတွေကိုအံ့အားသင့်စွာငေးကြည့်မိသည်။ သစ်ရဲ့မျက်ဝန်းများသည်လည်း စိုးရိမ်ခြင်းအငွေ့အသက်များဖြင့် လှုပ်ခါလျက်ပင်ရှိပါသည်။

ကျေးဇူးပဲမေရယ်Место, где живут истории. Откройте их для себя