Part 9(Unicode)

2K 86 0
                                        

အိပ်မက်တွေကိုအမီလိုက်နိုင်ခဲ့တဲ့အချိန် အတိတ်တွေထဲမှာကျန်ခဲ့သော လူတစ်ယောက်ကိုတော့ မေ့မရဖြစ်နေရသေးသည်။ အဲ့ဒီအချိန်မှာဘဲ ကိုယ်ဟာလူတစ်ယောက်ကို ချစ်မိဖို့မလွယ်သလို မေ့ပစ်ဖို့မလွယ်တဲ့လူမျိုးဆိုတာ နားလည်လက်ခံလိုက်ရသည်။

အနားမှာသာမရှိတာပါ၊ သူ့အကြောင်းကတော့ လူတွေရဲ့နှုတ်ဖျားမှာစွဲနေကြတာမို့ သတင်းတွေတော့ကြားရပါသည်။ မိန်းမတွေဘယ်လိုရှုပ်ကြောင်း ဘယ်နှယောက်လောက် အပြိုင်အဆိုင်တွဲခုတ်ကြောင်း ...၊ ဒီသတင်းတွေကြားမိရင် ရင်ဝမှာစို့နစ်ကာ အပြစ်မကင်းသလိုခံစားရသည်။ ဉာဏ်လင်းဒီလိုတွေဖြစ်နေတာ မေဇင့်အပြစ်နဲ့မကင်းဟုထင်ကာ တဆတ်ဆတ်နာကျင်ရသည်။ ဒါကြောင့်ဘဲဆိုရှယ်မီဒီယာတွေနဲ့ ဝေးသထက်ဝေးအောင် ရှောင်ပြေးရင်း ငြိမ်းအေးစွာနေခဲ့တော့သည်။

ကိုယ်မဟုတ်တဲ့အခြားအမျိုးသမီးတစ်ယောက်နဲ့ ရယ်မောပျော်ပါးနေတာမြင်ရရင် မနာလိုစိတ်ဖြင့်တစ်ယောက်ထဲ ကြေကွဲရသည်။

ဘယ်တုန်းကမှနီးစပ်ဖို့မဖြစ်နိုင်ခဲ့တဲ့ ဆက်ဆံရေးတစ်ခုပေမယ့် ကိုယ့်ဘက်ကမပြောင်းလဲခဲ့သလို သူ့ဘက်ကမပြောင်းလဲဘဲရှိနေမယ်လို့ ယုံစားမိနေတဲ့မေဇင်မင်းသာ အရူးတစ်ယောက်လိုဖြစ်ခဲ့ရပြီး သက်ဆိုင်သူတစ်ယောက်ကတော့ မေဇင်မင်းဆိုတဲ့မိန်းမတစ်ယောက်ကို မှတ်မိချင်မှမှတ်မိတော့မည်။

ဆယ်တန်းစာမေးပွဲမှာအမှတ်ကောင်းကောင်း၊ ဂုဏ်ထူးခြောက်ဘာသာဖြင့် အောင်မြင်ခဲ့သောမေဇင်သည် ဆေးတက္ကသိုလ်ကိုအဟန့်အတားမရှိ အလွယ်တကူဝင်ရောက်နိုင်ခဲ့သည်။ အစပိုင်းမှာတော့ ကိုယ်နဲ့မရင်းနှီးတဲ့နယ်ပယ်တစ်ခုမို့ အဆင်ပြေပါ့မလားတွေးရင်း စိတ်ပူနေခဲ့သော်လည်း တဖြည်းဖြည်းနဲ့မေဇင်မင်းသည် သေချာပေါက်ဤနေရာနှင့် သက်ဆိုင်သူတစ်ယောက်ဟုပင် ယုံကြည်လာရသည်။

ဆေးကျောင်းစတက်တက်ချင်းနေ့မှာဘဲ အခန်းပျောက်၍အတူတူတိုင်ပတ်ခဲ့ရာမှ လရိပ်သစ်နှင့်ရင်းနှီးခဲ့ရသည်။ ချမ်းသာသော်လည်းဟိတ်ဟန်မထုတ်ဘဲ ဖော်ဖော်ရွေရွေရှိသည့်အပြင် စိတ်သဘောထားသိပ်ကောင်းတာမို့ တစ်ခဏအတွင်းမှာဘဲခင်သွားကြသည်။

ကျေးဇူးပဲမေရယ်Wo Geschichten leben. Entdecke jetzt