စာအုပ်တွေထဲမှာဖတ်ခဲ့ဖူးသည်။ ချစ်ခြင်းမေတ္တာနဲ့တွေ့ကြုံ့ရသည့်အခါ ခိုင်မာလှပါသည်ဆိုတဲ့ ကိုယ်ရဲ့ခံယူချက်တွေလည်း ပြောင်းလဲပစ်လိုက်ဖို့ ဝန်မလေးတဲ့အကြောင်းတွေပေါ့...။ မေဇင့်အတွက်တော့ ထိုစကားတွေဟာမှားနေခဲ့သလားမသိပါ။ ဘဝတစ်ခုကိုဆုံးဖြတ်တဲ့အခါ နှလုံးသားတစ်ခုထဲနဲ့ အရာရာရင်းပြီးဆုံးဖြတ်လို့မရကြောင်း မေဇင်သိသည်။ ဘဝဟာချစ်နေရုံနဲ့မပြီးဘဲ ရှေ့ဆက်လျှောက်ဖို့ လိုပါသေးသည်။ မေဇင်ကိုယ့်ဘဝကိုယ် ရှေ့ဆက်လျှောက်ရပေမည်။ ဘယ်လိုဘဲဖြစ်ဖြစ် ဉာဏ်လင်းအောင်ဟာ စိတ်ကူးနဲ့တောင် ပိုင်ဆိုင်ဖို့မကြိုးစားခဲ့ဖူးတဲ့ အချစ်ဦးတစ်ယောက်သာဖြစ်ပါသည်။
မေဇင်သိခဲ့သည့်ဉာဏ်လင်းဟာ မိန်းမပေါင်းများစွာနဲ့ ပက်သတ်ခဲ့ပြီး အသောက်အစားအပျော်အပါး မက်သူတစ်ယောက်....၊ မိန်းမတစ်ယောက်ကိုငြီးငွေ့လာလျှင် မက်လုံးပေးပြီးခွာချတတ်သူတစ်ယောက်...၊ social media မှာတော့ အကျင့်ပျက်နေသောသတင်းများဖြင့် ရေပန်းစားတတ်သူတစ်ယောက်...၊ နောက်ပြီး ပျိုမေတိုင်းရူးရူးမူးမူးစွဲလမ်းရသူ တစ်ယောက်...။ အဲ့ဒီလိုနာမည်ကျော်တဲ့ ဉာဏ်လင်းအောင်ဟာ လွန်ခဲ့တဲ့လေးနှစ်၊ အဖြစ်အပျက်တစ်ခုကိုကျော်ဖြတ်ပြီးတဲ့နောက်မှာ Aussie ကိုပြန်သွားခဲ့ပြီး social mediaမှာအချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။ ဘာသတင်းအစအနမှမရဘဲ ပျောက်ကွယ်နေခဲ့တဲ့သူက အခုမှပြန်ပေါ်လာပြီး အချစ်ကိုငြီးငွေ့လွယ်တဲ့လူတစ်ယောက်က လက်ထပ်တော့မယ်တဲ့လား....။
သူ့မျက်ဝန်းတွေကြည့်ရုံနှင့် မေဇင်တပ်အပ်ပြောနိုင်ပါသည်။ အဲ့ဒီမိန်းကလေးဟာ သူတစ်ကယ်ချစ်ရတဲ့သူတစ်ယောက် ဆိုတာ...။
"ဘာ............လက်ထပ်တော့မယ်!!!
ဉာဏ်လင်းအောင်ကလေ.......၊"
"အင်း.....ဟုတ်တယ်၊"
"ဖြစ်နိုင်တာကိုပြောစမ်းပါမေဇင်ရယ်....၊"
မေဇင်ရဲ့အရင်းနှီးဆုံးသူငယ်ချင်း လရိပ်သစ်ကထိုစကားကို ချက်ချင်းမယုံနိုင်ဘဲ အချိန်အတော်ကြာမေးယူနေသည်။
မေဇင်လည်းထိုအဖြေကိုဘဲ ထပ်ခါထပ်ခါဖြေနေရသဖြင့် စိတ်မရှည်ဖြစ်ကာ သည်းမခံနိုင်တော့သည့်အဆုံး ထအော်လိုက်တော့သည်။

YOU ARE READING
ကျေးဇူးပဲမေရယ်
Romanceဘယ်လောက်တောင်ပြတ်သားလိုက်တဲ့ အမျိုးသမီးဆိုရင်...၊ ကိုယ့်မျက်ရည်ကိုယ်သုတ်ပြီး အနှစ်နှစ်အလလ ချစ်ခဲ့တဲ့သူတစ်ယောက်ကို ရင်နာနာနဲ့ကျောခိုင်းသွားခဲ့တာပါဘဲ...။ ကျွန်တော်က မေ့ကိုအဖန်ဖန်နာကျင်စေခဲ့တာကိုး...၊ ဒါပေမဲ့ဘယ်သူ့ဆီကမှမရခဲ့ဖူးတဲ့ စစ်မှန်တဲ့မေတ္တာတွေအတ...