Part 24(Unicode)

1.8K 72 8
                                        

"ဒက်ဒီ ကျွန်တော့်ကိုသားအဖြစ်ကနေ အမွေပြတ်စွန့်လွှတ်ပေးပါ၊"

"ဘာာာာာ.....!!!!!"

တစ်ဖက်ကအားမာန်အပြည့်ဖြင့် အော်လိုက်သောအသံသည် နားထဲကိူစူးခနဲဝင်လာတာမို့ ဉာဏ်လင်းလည်း ဖုန်းကိုနားနှင့်အနည်းငယ်ခွာလိုက်ရသည်။

"ကျွန်တော်နောက်နေတာမဟုတ်ဘူးနော်၊ အတည်ပြောနေတာ....။

မေဇင်ကအရာအားလုံးကို အလွယ်တကူရနေတာမျိုး၊ အလဟသသုံးဖြုန်းနေတာမျိုးမကြိုက်ဘူးတဲ့....၊"

"မင်းကွာ.........တော်ရုံရူးစမ်းပါ......။"

ဒက်ဒီရဲ့လေသံကအရူးတစ်ယောက်ကို စိတ်ကုန်နေသည့်လေသံမျိုး ...၊ အကြိမ်ကြိမ်ထွက်ပေါ်လာသော သက်ပြင်းချသံများကိုနားထောင်ခြင်းဖြင့် ဒက်ဒီခေါင်းကုတ်ကာဦးနှောက်ခြောက်နေပြီဟု ခန့်မှန်းမိလိုက်သည်။ သို့သော်လည်းဉာဏ်လင်းကတော့ အမှန်တကယ်စဉ်းစားကာ ဆုံးဖြတ်ပြီးပြီမို့ ပြင်စရာအကြောင်းမရှိတော့....။

"ဒါပေမဲ့နော်.....ဒက်ဒီအကျင့်မပုတ်နဲ့နော်.....၊ ဇာတ်ကားတွေထဲကလို ကဒ်တွေချက်ချင်းပိတ်လိုက်တာမျိုး မလုပ်ရဘူးနော်...၊ကျွန်တော်ဝယ်စရာရှိတာဝယ်ပြီးမှ ဒက်ဒီကြိုက်သလိုလုပ်....။

ဒက်ဒီကိုအဖေအဖြစ်က လုံးဝစွန့်လွှတ်လိုက်တာမျိုးမဟုတ်ဘူးနော်...၊ အဆက်အသွယ်တော့လုပ်မှာပါ..ဟဲဟဲ...။"

"သတိရနေမယ်နော်ဒက်ဒီ......အာ...ဘွား....."

"ဟေ့ကောင်......စောက်ရူးမထနဲ့.........။"

ပြောချင်ရာပြောပြီးတီခနဲဖုန်းချသွားသော ဉာဏ်လင်းအောင်ကိုဦးဇေယျာအောင်တစ်ယောက် ဘယ်လောက်တောင် အမှုန့်ကြိတ်ချင်နေလိုက်သလဲ တွေးကြည့်၍ပင်မရ။ ဖြစ်ပျက်သွားတာမြန်ဆန်လွန်းလို့ နေရင်းထိုင်ရင်း သားတစ်ယောက်ဆုံးရှုံးသွားတာကိုပင် လက်ခံနိုင်ဖို့အတော်စဉ်းစားလိုက်ရသည်။

အချစ်ကြောင့်ပြောင်းလဲကြသူများထဲတွင် ပြောင်းလဲဖို့နှင့် ပုံသွင်းဖို့အလွယ်ဆုံးသည် ဉာဏ်လင်းပင်ဖြစ်လိမ့်မည်။ သူတစ်ခါမှဒီလို ရူးရူးမူးမူးမဖြစ်ဖူးတာကိုတော့ ဦးပြေလင်းလက်ခံရပါသည်။ တစ်ခါတစ်လေမူးမူးရူးရူးနဲ့ လျှောက်လုပ်တတ်တာတွေကိုတော့ လိုက်ရှင်းခဲ့ရဖူးပေမယ့် ဒီလောက်တော့မဆိုးသေး...။

ကျေးဇူးပဲမေရယ်Opowieści tętniące życiem. Odkryj je teraz